ဖေဖော်ဝါရီလ ၁၇ ညနေ ၄ နာရီခန့်က မိုးကောင်းမြို့နယ် မရမ်းကျေးရွာနှင့် မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာတွင် မိုးသီးများကျ၍ မိုးသည်းထန်းစွာ ရွာသွန်းခဲ့ခြင်းကြောင့် လူနေအိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသည့် နေအိမ်အချို့ကို ပြည်နယ် လူမူရေးဝန်ကြီးဦးနေဝင်းနှင့် NLD ပါတီဝင် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက် ပျက်စီးသွားသည့် ဒေသခံအချို့၏ ပျက်စီးသွားသည့် နေအိမ်များကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရမှ လိုအပ်သည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းမွန်းပန်







