မြစ်ကြီးနားမြို့နယ် အတွင်း ညမထွက်ရအမိန့်ကျူးလွန်သူ စုစုပေါင်း(၁၈၀) ကျော် ရှိပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
ညမထွက်ရ အမိန့်ကို ဧပြီလ(၁၈)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဧပြီလ(၂၁)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ကျူးလွန်သူ(၁၈၆) ဦးရှိခဲ့ပြီဖြစ်ကာ ဃသလငိ-၁၉ ကာကွယ်ထိန်းချုပ်မှု အတွက် စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“ကျွန်တော်တို့ကတော့ Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပြုလုပ်နေတဲ့ အတွက် ပြည်သူတွေအနေနဲ့လည်း Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဦးသန်းဝင်းက ပြောသည်။
ညမထွက်ရအမိန့် ကျူးလွန်သောကြောင့် ဒဏ်ငွေ(၅)သောင်းပြစ်ဒဏ်ကျသင့်သူ(၃၁)ဦး၊ ထောင်ဒဏ် (၁)လ ပြစ်ဒဏ်ချခံရသူ (၉၀)ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ရန်အတွက် စစ်ဆေးနေဆဲဦးရေ (၆၅)ဦး ရှိကြောင်းလည်း မြစ်ကြီးနား မြို့မရဲ့စခန်းက ရဲမှူးမြင့်မိုးထံမှ သိရသည်။
ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည့် အချိန်တွင် အထောက်အထား ခိုင်လုံစွာ မပြနိုင်သည့်သူများကို ချက်ချင်း အရေးယူထားပြီး Covid-19 ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုကာ ဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆက်လက်ပြောသည်။
“အချို့သော ပြည်သူတွေသည် အမှုမဲ့ အမှတ်မဲ့ သွားတာရှိသလို၊ တချို့ကတော့ သိသိကြီးနဲ့ သွားတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့အချိန်မှာ ချက်ချင်း အထောက်အထားမပြနိုင်တာ ဖြစ်တဲ့အတွက် တရားစွဲဆိုသွားတာ ဖြစ်တယ်”ဟု ဦးသန်းဝင်းက ရှင်းပြသည်။
ညမထွက်ရအမိန့်ကိုည (၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားပြီး ညမထွက်ရအမိန့်ကို ကျူးလွန် ခဲ့မည်ဆိုလျှင် ငွေဒဏ် (၅)သောင်း သို့မဟုတ် ထောင်ဒဏ်(၁)လ စသည့် ပြစ်ဒဏ်များ ကျခံရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးရုံသွားနေသည့်သူများနှင့် နာရေးကူညီရေး အသင်းများ စသည့် ကျန်းမာရေးအကြောင်း ကိစ္စများကြောင့် သွားလာနေရသည့် သူများကိုသာ သွားလာခွင့်ပေးထားကြောင်း သိရသည်။
ညမထွက်ရ အမိန့်ကျူးလွန်သူ (၁၈၆)ဦးတွင် အမျိုးသား (၁၆၀)ဦးနှင့်အမျိုးသမီး(၂၆)ဦး ဖြစ်ပြီး အမိန့်ကျူးလွန်သူများတွင် အများဆုံးမှာ အသက်(၁၈)နှစ်နှင့်(၂၅)နှစ်ကြား လူငယ်များ ဖြစ်ကြောင်းလည်း သိရသည်။
ဂျာဒွဲ







