မြစ်ကြီးနားတက္ကသိုလ်ရှေ့ ဖြိုခွင်းမှုတွင် ဖမ်းဆီးခံခဲ့ရသည့် ဖောင်တဲ ဆိုင်းနန် ပြန်လည်လွတ်မြောက်

766

မတ် (၇)

မြစ်ကြီးနား တက္ကသိုလ်ရှေ့ ၀န်းရံသည့် လူထုကို ဖြိုခွင်းသည့် မတ်လ ၆ ရက် နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် အသက် (၁၇)နှစ် အရွယ် မဆိုင်းနန်သည် ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

” မနေ့ညက အမှတ် ၁ ရဲစခန်းမှာ။ ဒီက‌ နေ့တော့ စစ်တပ် မပခ ကို ပြန်ပို့ပြီး သူတို့ စစ်ဆေး မေးမြန်းပြီး ဒီည ၇ နာရီခွဲမှာ အိမ်ရောက်ခဲ့ပြီ။ ကျွန်တော်ကိုယ်တိုင် တာ၀န်ယူ ဆိုင်းထိုးပြီး ခေါ်ခဲ့တယ်” ဟု စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ ဥက္ကဌ ဦးဖာ်လားဂမ်ဖန် က ‌ ပြောသည်။

မတ်လ ၆ ရက် နေ့ညနေပိုင်းက မြစ်ကြီးနားတက္ကသိုလ်အတွင်းသို့ ရဲနှင့် တပ်သားများလာရောက် ဝိုင်းထားသည့်အတွက် ပြည်သူလူထုကလာ ရောက်၀န်းရံချိန် ဖြိုခွင်းခံခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here