မြစ်ကြီးနား၊မတ် ၁၄
မြစ်ကြီးနားမြို့ တပ်ကုန်းမြောက်၊ အင်ဂျန်ဒုံရပ်ကွက်၌ ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးကို ရဲနှင့် စစ်သားများက သိမ်းဆည်းသွားကြောင်း သိရသည်။
အဆိုပါကားနှင့်အတူ ငွေ များအပြင် လူများလည်းဖမ်းသိမ်းဆည်းခံခဲ့ရကြောင်း ဆန္ဒပြရာတွင် ကူညီပေးနေသည့်အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အဖွဲ့သုံးတဲ့ကားဟုတ်တယ်။ ငွေက ကျဆုံးသွားတဲ့မိသားစုဝင်တွေ၊ ဒဏ်ရာရရှိသူတွေ၊ CDM ဝင်သူတွေကိုလှူမယ့်ငွေ ၅ သိန်းဝန်းကျင်လောက်ပါသွားတယ်။ လူကတော့ နှစ်ယောက်နဲ့အထက်ရှိတယ်။ တိတိကျကျတော့ကျွန်တော်မသိဘူး။ ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
၎င်းတို့အဖွဲ့အနေဖြင့် (၁)လကျော်အတွင်းလှူခဲ့သည့်အလှူငွေမှာ သိန်း (၁၀၀)ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။







