ရွှေကူမြို့အရှေ့ဘက် သ​င်္ဘောအင်း ကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရောက်ရှိနေ

509
burmese- army

ဇွန်၊၃၀

ကချင်ပြည်နယ်၊ ရွှေကူမြို့ အရှေ့ဘက် ကျောက်တွင်း မြစ်ကျင်း အဝအနီး သင်္ဘောအင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ အင်အား (၅၀) လောက် စစ်ကြောင်းထိုး ရောက်ရှိနေတယ်လို့ ရွှေကူမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့ကနေ ထွက်ခွာသွားတဲ့ ခလရ (၆၀၁) တွေဖြစ်ပြီး အခုလို စစ်ကြောင်းထိုး ဝင်ရောက်လာရတာဟာ ရွာအတွင်း PDF တွေ ရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

မိုးဗြဲမှာက သူတို့ တပ်ထိုင်နေကြ ကျန်တဲ့နေရာမှာ မရှိတော့ PDF တွေက လာပြီး နေတာမျိုးတွေရှိတော့ သူတို့ မျက်စိဆံဗွေမွှေးဆူးလို့ လာကြတာပေါ့” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီဒေသတွေဟာ PDF တွေလည်း လှုပ်ရှားနေထိုင်တဲ့ ဒေသတွေဖြစ်တာကြောင့် ဒေသခံတွေ အနေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားလာမှာကို စိုးရိမ်ပြီး တိမ်းရှောင်တာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုမျိုးတွေရောက်လာတော့ ပြည်သူပြည်သားတွေက ပြေးကြရော။ (၅) ရွာ (၆) ရွာလောက်ရှိတယ် ဆက်နေတာ။ တစ်ရွာမှာ အိမ်ခြေ (၅၀၀) ကျော်လောက်တော့ ရှိတယ်” လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန်လ (၂၈) ရက်နေ့ မနက်ပိုင်းက ရွှေကူမြို့ကနေ ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here