ပေါ်ဦးရှမ်းရွာရှိ ဦးရွှေမင်း၏ အဆောက်အဦဗုံးဖေါက်ခွဲခံရ ဟုဆို၊  ဦးရွှေမင်းက သူ၏ အဆောက်အဦ မဟုတ်ကြောင်း ငြင်းဆို

725

ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ပေါ်ဦးရှမ်းရွာရှိ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းရဲ့ ဆောက်လက်စအဆောက်အဦ ဒီကနေ့မနက်အစောပိုင်းက ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ အဆောက်အဦဟာ ဒီကနေ့မနက် (၄) နာရီခန့်ကဗုံး (၃) လုံးဖြင့် ဖောက်ခွဲခံရတာဖြစ်ပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ ဦးရွှေမင်းပိုင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိခိုက်မှုတော့ ရှိမယ်ထင်တယ်။ ဦးရွှေမင်းရဲ့ပြည်သူ့စစ်အဖွဲ့တွေက KIA ရှိတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ပေါင်းပြီး ထိုးစစ်ဆင်နေတာကြောင့် အခုလို လာလုပ်ခံရတာလို့မြင်တယ်” ဟု ဖြစ်စဥ်ကိုသိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

ဗုံးဖေါက်ခွဲတာကို ဘယ်အဖွဲ့အစည်းက လာရောက်လုပ်ဆောင်သွားကြောင်း မသိရှိရသေးပါ။ အထက်ပါ ဗုံးခွဲခံရတဲ့ အဆောက်အဦဟာ ဦးရွှေမင်းရဲ့ အဆောက်အဦမဟုတ်ဘူးလို့လည်း ဦးရွှေမင်းက မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းချိန်မှာ ငြင်းဆိုပါတယ်။

ယမန်နေ့ကလည်း မြစ်ကြီနားမြို့ရှိ အမှတ် (၂၁) ခြေလျင်တပ်ရင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here