နောင်နန်းမြစ်ဆိပ်နံဘေးက ရွှေဖောင်တွေများအား ရဲနှင့်စစ်သားများ သွားရောက်ဖမ်းဆီး

567
နောင်နန်း မြစ်ကမ်းဘေးမှ ရွှေဖောင်များ

ဇူလိုင်၊၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်း မြစ်ဆိပ်ကမ်းနံဘေးက ရွှေဖာင်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ မနေ့ကညနေ(၃)နာရီလောက်မှာ သွားရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကားအကြီးအပါ ကား(၅)စီးလောက်နဲ့ သွားရောက် ဖမ်းဆီးချိန် သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဖာင်ပေါ်က လုပ်သား(၂၀)လောက်ဟာ ထွက်ပြေးသွားပြီး ရဲနဲ့ စစ်သားတွေဟာ ရွှေဖောင်အကြီး (၄)ခုကိုသိမ်းဆည်းလိုက်တယ်လို့ နောင်နန်းကျေးရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုအခုလို ပြောပါတယ်။

“‌ ရွှေဖောင်(၄)ခုကိုတော့ ကြိုးဖြတ်ပြီး ဗလမင်းထင်ဘက် မျှောလိုက်တယ်။ သေနတ်လည်း ဖောက်တယ်။ ရွှေတူးတဲ့ လူတွေတော့ အကုန်ထွက်ပြေးသွားတာ။ ရဲလာပြီဆိုတော့ အကုန်ထွက်ပြေးသွားကြတာ”လို့ သူကပြောပါတယ်။

အဲဒီ နောင်နန်းဘက်တစ်ကြောမှာ ရွှေဆိုင်းတွေ ရာဂဏန်းနီးပါး ရှိနေပြီး အာဏာသိမ်းပြီးနောက် ပိုများလာတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here