မြစ်ဆုံသွားလမ်းပေါ်ရှိ ကျေးရွာတစ်လျောက် လမ်းသွား/လာ ပြည်သူများအားစစ်ကောင်စီမှ စစ်ဆေးမှုများပြုလုပ

630
အောင်မြင်သာစံပြကျေးရွာ

ဇူလိုင်၊၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ဆုံသွားလမ်း၊ နောင်နန်း ဆယ်မိုင် အထက်ဘက်က အာလမ်၊ ဒွမ်ဂန်၊ အူဗျစ်ကျေးရွာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွား/ လာပြည်သူတွေကို ဒီကနေ့ ညနေပိုင်း(၂)နာရီလောက်မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ် လူတွေ အင်အား(၄၀)လောက်ဟာ အထက်ပါ ကျေးရွာတစ်လျှောက်ကလမ်းသွားလမ်းလာတွေမှာ နေရာယူပြီး ပြည်သူတွေကို စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးတာ။ ဘယ်ကရောက်ပြီ လာစစ်တာလဲ မသိဘူး။ သူတို့ မသိင်္ကာတဲ့သူတွေဆို ဆိုင်ကယ်တွေ ဖွင့်ပြီး စစ်တာ။ အရပ်ဝတ်တွေရော ပါတယ်။ ဆိုင်ကယ်၊ ကားတွေနဲ့ကို လာပြီ စစ်ဆေးတာ။(၄၀)လောက်ရှိမယ်“လို့ သူက ပြောပါတယ်။

ဒါ့အပြင် အဲဒီ စစ်ကောင်စီတပ်သားတွေဟာ အောင်မြင်သာ ကျေးရွာဘက်လည်း ရှောင်တခင် စစ်ဆေးမှုလုပ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ(၂၀)ရက်နေ့ကလည်း ရဲနဲ့စစ်သားတွေ စောင့်ကြပ်ပြီး ငွေကြေးလိုအပ်ရင်  လိုအပ်သလို လမ်းသွား/လာတွေကို ပိုက်ဆံတောင်းလေ့ရှိတဲ့အောင်မြင်သာကျေးရွာ အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြို့ပြပျောက်ကျားအဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဘယ်လိုအကြောင်းအရင်း‌ကြောင့် အခုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်ဆိုတာ မသိရပေမယ့် အထက်ပါအောင်မြင်သာ အဝင်ဂိတ်ကို မီးရှို့လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here