ဖားကန့်ဘက်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ဒေသခံ၊စစ်ရှောင်နှင့် ကားသမား စုစုပေါင်း ၁၀၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်

268
ဖားကန့်ဘက်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ဒေသခံ၊စစ်ရှောင်နှင့် ကားသမား စုစုပေါင်း ၁၀၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် ------------- ဩဂုတ်၊၂၅ ဖားကန့်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ နန့်ယားကျေးရွာက ဒေသခံတွေ၊ စစ်ရှောင်တွေနဲ့ ကားသမားတွေအပါ (၁၀၀) ကျော်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ နန့်ယားကျေးရွာမှာ ပိတ်မိနေတဲ့ ကားသမားတစ်ချို့၊ စစ်ရှောင်လာတဲ့ ပြည်သူအချို့နဲ့ ဒေသခံအချို့ကို စစ်ကောင်စီတပ်ကနေ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ နန့်ယားဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။ “စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကားသမားတစ်ချို့ ပါသွားတယ်။ စစ်ရှောင်တဲ့ ဘုရားကျောင်းမှာ ဝင်ခေါ်သွားတာ။ မနေ့ည ၈ နာရီကနေဆွဲတာ(ဝင်ရောက်ဖမ်းဆီးခြင်းကိုဆိုလို) ဟိုဘက် ကားတွေနဲ့ရော ဝင်မွှေ၊ ကားသမားတွေရော ပါသွားတယ်ပြောတယ်။”လို့ အထက်ပါ နန့်ယားဒေသခံ အမျိုးသမီးက ပြောပါတယ်။ နန့်ယားကျေးရွာကို ရောက်ရှိခဲ့တဲ့အချိန် စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညက ကျေးရွာအတွင်းက ဒေသခံအမျိုးသားတွေနဲ့ ဘုရားကျောင်းဝင်းထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသားတွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နောက်ထပ် နန့်ယားဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။ “အသင်းတော်ဘုရားကျောင်းထဲမှာ ကပ်မှော်၊ ဆိုင်းဖရာ(ကျေးရွာများ) ဘက်မှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။အရွယ်ကောင်းယောကျ်ားတွေ တော်တော်လေးပါသွားတယ်။” လို့ပြောပါတယ်။ နန့်ယားကျေးရွာမှာ ပိတ်မိနေတဲ့ကားတွေကို ဒီကနေ့မနက်အစောပိုင်းက မြစ်ကြီးနားမြို့ဘက်ကို ပြန်ဆင်းခိုင်းနေပြီးတော့ ဖားကန့်ဘက်အတက်လမ်းကိုတော့ လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေဟာ အကြောင်းတစ်စုံတစ်ရာ ပြောဆိုတာမရှိဘဲ ကျေးရွာတွေထဲမှာ ဝင်ရောက်ဖမ်းဆီး သွားတာဖြစ်ပြီး အမျိုးသားတွေ ပိုမိုဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထုကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေပြီးတော့ အဲဒီလမ်းတစ်လျှောက်ကို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ ဓါတ်ပုံ- မေလ တတိယအပတ်က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့စဉ်က။

 

ဩဂုတ်၊၂၅

ဖားကန့်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ နန့်ယားကျေးရွာက ဒေသခံတွေ၊ စစ်ရှောင်တွေနဲ့ ကားသမားတွေအပါ (၁၀၀) ကျော်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာမှာ ပိတ်မိနေတဲ့ ကားသမားတစ်ချို့၊ စစ်ရှောင်လာတဲ့ ပြည်သူအချို့နဲ့ ဒေသခံအချို့ကို စစ်ကောင်စီတပ်ကနေ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ နန့်ယားဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကားသမားတစ်ချို့ ပါသွားတယ်။ စစ်ရှောင်တဲ့ ဘုရားကျောင်းမှာ ဝင်ခေါ်သွားတာ။ မနေ့ည ၈ နာရီကနေဆွဲတာ(ဝင်ရောက်ဖမ်းဆီးခြင်းကိုဆိုလို) ဟိုဘက် ကားတွေနဲ့ရော ဝင်မွှေ၊ ကားသမားတွေရော ပါသွားတယ်ပြောတယ်။”လို့ အထက်ပါ နန့်ယားဒေသခံ အမျိုးသမီးက ပြောပါတယ်။

နန့်ယားကျေးရွာကို ရောက်ရှိခဲ့တဲ့အချိန် စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညက ကျေးရွာအတွင်းက ဒေသခံအမျိုးသားတွေနဲ့ ဘုရားကျောင်းဝင်းထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသားတွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နောက်ထပ် နန့်ယားဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အသင်းတော်ဘုရားကျောင်းထဲမှာ ကပ်မှော်၊ ဆိုင်းဖရာ(ကျေးရွာများ) ဘက်မှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။အရွယ်ကောင်းယောကျ်ားတွေ တော်တော်လေးပါသွားတယ်။” လို့ပြောပါတယ်။

နန့်ယားကျေးရွာမှာ ပိတ်မိနေတဲ့ကားတွေကို ဒီကနေ့မနက်အစောပိုင်းက မြစ်ကြီးနားမြို့ဘက်ကို ပြန်ဆင်းခိုင်းနေပြီးတော့ ဖားကန့်ဘက်အတက်လမ်းကိုတော့ လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ အကြောင်းတစ်စုံတစ်ရာ ပြောဆိုတာမရှိဘဲ ကျေးရွာတွေထဲမှာ ဝင်ရောက်ဖမ်းဆီး သွားတာဖြစ်ပြီး အမျိုးသားတွေ ပိုမိုဖမ်းဆီးခံရတယ်လို့ပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထုကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေပြီးတော့ အဲဒီလမ်းတစ်လျှောက်ကို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- မေလ တတိယအပတ်က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့စဉ်က။

 

LEAVE A REPLY

Please enter your comment!
Please enter your name here