ဖားကန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်(KPDF)နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွား

505

 

အောက်တိုဘာ၊၃

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင် မှော်ရှန်ရပ်ကွက်က KTV မှာ KPDFတပ်ဖွဲ့တွေ ရှိနေတဲ့အချိန် စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဆိုင်းတောင်မှော်ရှန် KTVအဲမှာ PDF တွေ ရှိနေတဲ့အချိန် စစ်တပ်က လာဝိုင်းပစ်တာတဲ့ ဝိုင်းဖမ်းနေတာထင်တယ် ဝိုင်းထားကြတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်တဲ့အတွက် KPDF ဘက်ကလည်း ပြန်လည်ပစ်ခတ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

မှော်ရှန်ရပ်ကွက် ဟိန်းဇာဂိုဒေါင်အနီးရှိက KTV မှာ မွေးနေ့ပွဲကျင်းပနေတဲ့အချိန် စစ်ကောင်စီတပ်က သတင်းရလာတဲ့အတွက် လာဝိုင်းပစ်ခတ်တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦး ကပြောပါတယ် ။

ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ညကလည်း ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here