အောက်တိုဘာ၊၉
စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ ပြင်ဦးလွင်စစ်အင်ဂျင်နီယာတက္ကသိုလ် (DSTA) မြေနေရာကို ရောင်းချတဲ့ Spring PyinOoLwin စီမံကိန်း ပထမနေ့မှာ ပဲ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ သန်းဖိုးရောင်းချခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
“အခုဆို အားလုံးရဲ့မျှော်ရည်ချက်ဟာ လက်တကမ်း လှမ်းလို့ မြင်နေရပြီဖြစ်သလို တော်လှန်ပြည်သူတွေရဲ့ နွေဦးပြင်ဦးလွင် (Spring PyinOoLwin) စီမံကိန်းမှာ ယုံကြည်စွာပါဝင်လိုက်ပါ။ ရင်းနှီးမြှုပ်နှံမှုကလည်း အံ့မခန်းပါပဲ”လို့ ဦးတင်ထွန်းနိုင်က သူရဲ့လှုမှုကွန်ရက်စာမျက်နှာကနေ အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက ပြောကြာထားတာပါ။
အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုး၊ အမြစ်ဖြတ်ချေမှုန်းဖို့ အပေါ်ယံ အဆောက်အအုံတွေမက အခြေခံအဆောက်အအုံတွေကိုပါ တူးထုတ်ဖြိုလှဲပစ်မှသာ နောက်တကြိမ် ခေါင်းမထောင်နိုင်မှာ ဖြစ်တယ်လို့လည်း ဦးတင်ထွန်းနိုင်က ဆိုပါတယ်။
ဒါကြောင့် မဟာဗျူဟာစဉ်းစားချက်အရ Spring PyinOoLwin စီမံကိန်းရဲ့ ပထမခြေလှမ်းအဖြစ် စစ်အင်ဂျင်နီယာတက္ကသိုလ် (DSTA) မြေနေရာကို တော်လှန်ရေးအောင်စိတ်နဲ့ ရောင်းချဖို့ ရွေးချယ်ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ရာစီမံကိန်း မြေကွက်တွေကို သတ်မှတ်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းသာ စတင်ပေးသွင်းပြီး တော်လှန်ရေးကာလအပြီး စီမံကိန်းပြင်ဆင်ချိန်မှာ ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။







