ဥပဒေမူကြမ်းအတိုင်း အကြီးစားလုပ်ကွက်များ ထပ်မံခွင့်ပြုမည်ဆိုလျင် အစိုးရသက်တမ်းအတွင်း ကျောက်စိမ်းများ ကုန်ဆုံးသွားနိုင်

1585
ဖားကန့်ကျောက်စိမ်းကုမ္ပဏီမှ စွန့်ပစ်သောမြေစာပုံ

မတ် ၂

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းထဲတွင် ပါရှိသည့်အတိုင်း အကြီးစားလုပ်ကွက်များကို လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်မံချထားပေးမည်ဆိုပါက ယခု အစိုးရသက်တမ်းအကုန်တွင် ကျောက်စိမ်းတွင်းများ ကုန်ဆုံးသွားနိုင်သည်ဟု  ကချင်အမျိုးသား ကွန်ဂရက်ပါတီမှဥက်္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောသည်။

ပြည်သူ့လွှတ်တော် သဘာဝသယံဇာတ စိစစ်ရေးမူကြမ်းထဲတွင် အကြီးစားလုပ်ကွက် ဧက ၅၀ အား ထပ်မံ၍တူးဖော်ခွင့်ပြုရန် ထည့်သွင်းဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာြ ကောန်လက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လေ့လာကြည့်သလောက်က တကယ်ကောင်းတဲ့ ကျောက်ကြောက ဧကငါးထောင်လောက်ပဲ ရှိတော့တယ်။ ကျန်တာက အကုန်ကုန်ပြီ။ ခန့်မှန်းချက်အရဆိုရင်တော့ ကျောက်မျက်ထုတ်လုပ်မှုက ၂၀၂၀ အထိ ရောက်ပါ့မလားလို့တောင် စဉ်းစားတယ်။ ၂၁ ပင်လုံလည်းပြီးရော ကျွန်တော်တို့ သယံဇာတလည်း ကုန်ရော ဖြစ်လိမ့်မယ်။ ဘာမှကို ကျန်တော့မှာ မဟုတ်တော့ဘူး”ဟု ဒေါက်တာMကောန်လက သူ၏အမြင် ကို ပြောသည်။

အဆိုပါ သဘာဝသယံဇာတ စိစစ်ရေးမူကြမ်းထဲတွင် အကြီးစားလုပ်ကွက် ဧက ၅၀ အား ထပ်မံ၍ တူးဖော်ခွင့်ပြုရန် ထည့်သွင်းဖော်ပြထားပြီး လုပ်ကိုင်ခွင့်ရရှိမည့် ကျောက်မျက်တူးဖော်ရေးကုမ်္ပဏီများက စက်ယန္တရားကြီးများဖြင့် အချိန်ပြည့် တူးဖော်နေမည်ဆိုပါက အချိန်မတန်ခင် ကျောက်စိမ်းများ ကုန်ဆုံးသွားမည်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

အကြီးစားလုပ်ကွက်များအတွက် ဧက ၅၀ ထပ်မံချပေးရန် သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ သတ်မှတ်လုပ်ကွက်ထက်ကျော်လွန်ကာ လုပ်ကိုင်မည်ဆိုပါက အရေးယူသင့်ကြောင်း၊ လက်ရှိအချိန်တွင် ဖားကန့်ကျောက်စိမ်းမြေအတွင်း ကျောက်စိမ်းတူးဖော်နေသည့် ယန္တရားပေါင်းတစ်သောင်းကျော်ရှိနေသည့် အတွက် ထိုယာဉ်များကို ကန့်သတ်သင့်ကြောင်း၊ ထိုသို့ တားဆီးမှုများမပြုလုပ်နိုင်ပါက အချိန်တိုအတွင်း ဖားကန့်မြေပျောက်ကွယ်သွားနိုင်ကြောင်း ပြည်နယ်ကျောက်မျက်လုပ်ငန်းများအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇေလွမ်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဧကတွေကို သတ်မှတ်တဲ့အတိုင်း တူးဖော်ကြရင်တော့ ကိစ်္စမရှိဘူး။ အချိန်အကြာကြီးတူးလို့ ရနိုင်မယ်။ အခုက စက်ယန္တရားတွေလည်း မကန့်သတ်ဘူး။ ဒါတွေ မကန့်သတ်နိုင်ဘူး၊ လုပ်ကွက်တွေလည်း ပိုတူးနေကြတယ်ဆိုရင် သေချာတယ်ခဏလေးနဲ့ ကုန်သွားမယ်”ဟုဦးဇေလွမ်းက ပြောသည်။

ဇန်န၀ါရီလ ၂၃ ရက်တွင် ပြည်သူ့လွှတ်တော် သဘာဝ သယံဇာတကော်မတီမှ ၂၀၁၇ ကျောက်မျက်ရတနာ ဥပဒေ စိစစ်မူကြမ်းထွက်ရှိခဲ့ရာ ထိုစိစစ်မူကြမ်းထဲတွင် အကြီးစားလုပ်ကွက်များအား လုပ်ကိုင်ခွင့် ထပ်မံချပေးခြင်းအပြင် အချို့အချက်များမှာ ဒေသခံပြည်သူလူထု အကျိုးစီးပွားအတွက် မပါဝင်သည့်အတွက် ထိုဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းရေးကော်မတီ(KNPC)က ဦးဆောင်ကာ မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့များတွင် ကန့်ကွက်ဆန်္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရသည့် အဓိက အကြောင်းအရင်းများမှာအကြီးစားလုပ်ကွက်များ ထပ်မံတိုးချဲ့သတ်မှတ်ခြင်းနှင့် ဖားကန့်တွင် အသုံးပြုနေသည့် စက်ယန်္တရားများကို ကန့်သတ်ခြင်းများ မပါဝင်ခြင်း၊ ရတနာမြေသတ်မှတ်ရာတွင် လွှတ်တော်များ၏သဘောထား တင်ပြတောင်းခံမှု မပါဝင်ခြင်း၊ ကျောက်မျက်ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်တွင် အကြီးစားအတွက် အဆိုပြုလွှာ စည်းကမ်း မဖော်ပြခြင်းအပြင် အလတ်စား၊ အသေးစား၊ လက်လုပ်လက်စား လုပ်ကွက်များအတွက် တိုက်ဆိုင်လျှောက်လွှာများရွေးချယ်မှု စည်းကမ်းအတိအကျ ဖော်ပြမထားခြင်းနှင့် ၂၀၁၇ ကျောက်မျက်ရတနာဥပဒေနှင့် နည်းဥပဒေလျှင်မြန်စွာ ပြဋ္ဌာန်းနိုင်ရေးတို့အတွက်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာကျော် ဂျေဒိုက်ကျောက်စိမ်း(Jadite) ဆိုတာ ကျွန်တော်တို့နိုင်ငံမှာပဲ ထွက်တယ်။ ဒါပေမယ့် အခု ကုန်တော့မယ်။ မကုန်ခင်မှာ တိုင်းပြည်လည်း အကျိုးရှိရမယ်။ လူထုလည်း အကျိုးအမြတ် ခံစားခွင့်ရရမယ်။ လူတစ်စုပဲရတာ လက်မခံဘူး။ အဲဒါကြောင့် လူတစ်စုမှ ပြည်သူလူထုသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဆန်္ဒပြပွဲကို လုပ်တာဖြစ်တယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် ဒေါက်တာ M ကောန်လကပြောသည်။

ကျောက်မျက်ရတနာဥပဒေကို ဥပဒေ၊ နည်းဥပဒေများ မထွက်ပေါ်မီ အမြန်ဆုံးပြင်ဆင်နိုင်ရန် တိုက်တွန်းနှိုးဆော်သွားများမည်ဖြစ်ပြီး အထက်ပါဥပဒေအတိုင်း အတည်ပြုပြဋ္ဌာန်းမည်ဆိုပါက ကန့်ကွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ကချင်နိုင်ငံရေးပါတီ ပူးပေါင်းညှိနှိုင်းရေး ကော်မတီမှ လူထုဆက်သွယ်ရေး တာဝန်ခံဦးဘရန်အောင်၏ ပြောကြားချက်အရ သိရသည်။

အမျိုးသားလွှတ်တော်ကို ပြောလိုက်ရင် ပြည်သူ့လွှတ်တော်က ကန့်ကွက်ပြန်ပြီ။ လွှတ်တော်နှစ်ခုကြားမှာကို မညီမျှဘူး။ မပြင်မချင်းတော့ ဒီထက်ပိုပြီးတော့ ကန့်ကွက်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟုဦးဘရန်အောင်က ပြောသည်။

ဖားကန့်မြို့နယ်တွင် မြေဧက ၁၄ သိန်းကျော် (၁၄၉၆၈၇၇)ရှိပြီး ကျောက်စိမ်းလုပ်ကွက်ပေါင်း ရှစ်ထောင်ခန့်(၇၉၉၃)ကို ကျောက်မျက်တူးဖော်ရေးကုမ်္ပဏီ ၃၀၀ ကျော်အား တူးဖော်ခွင့်ပြုထားကြောင်း သိရသည်။

စည်သူ(မြစ်ကြီနား)

LEAVE A REPLY

Please enter your comment!
Please enter your name here