အောက်တိုဘာ၊၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာက ငွေလွှဲဆိုင်တစ်ဆိုင်မှာ ဒီကနေ့ ၁၁ နာရီခွဲခန့်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်းတစ်ထောင်ကျော် ပါသွားတယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)က ဂျာနူးငွေလွှဲဆိုင်မှာ လူငါးဦးဝင်လာပြီး ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်
“ landcruiser ကားတစ်စီး 125 ဆိုင်ကယ်တစ်စီးနဲ့ လူငါးဦး ဝင်လာပြီး သေနတ်တို၊ဓားတွေနဲ့ ထောက်ပြီး ဓားပြတိုက်သွားတယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဂျာနူးငွေလွဲဆိုင် ဓားပြတိုက်ခံရမှုမှာ ငွေကျပ် သိန်းထောင့်နှစ်ရာနီးပါး ပါသွားတယ်လို့လည်း နောက်ထပ်လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ရွှေရောင်းဝယ်ရေးဆိုင်တွေနဲ့ ငွေလွှဲဆိုင်တွေမှာ သေနတ်ကိုင်ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေပန်းတိမ်နဲ့ ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီ စာတွေဖြန့် ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှု ပြုလုပ်တာတွေလည်း ရှိခဲ့ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







