ဖားကန့်မြို့၊လုံးခင်းကျေးရွာအဝင်က လယ်ပြင်စုပေါင်းဂိတ်ကို စစ်ကောင်စီရုတ်သိမ်း

278

 

နိုဝင်ဘာ၊၆

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအဝင်က စစ်ကောင်စီရဲ့ လယ်ပြင်စုပေါင်းဂိတ်ကို ဒီကနေ့မနက် ၁၀ နာရီလောက်က ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဖားကန့် မြို့အဝင်က မြို့ဝင်ဂိတ်ကြေးကောက်တဲ့ တိုးဂိတ်တော့ မပါဘဲ စုပေါင်းဂိတ်ပဲ ရုတ်သိမ်းတာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဘာကြောင့်လဲတော့ မသိဘူး။ ဂိတ်ကိုအပြီး ဖြုတ်သိမ်းတာ“လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အဲဒီလယ်ပြင်စုပေါင်းဂိတ်ကို ဖားကန့်တပ်မမှူးရဲ့ အမိန့်နဲ့ ရုတ်သိမ်းလိုက်တာလို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလယ်ပြင်ဂိတ်ဟာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ ဂိတ်ဖြစ်ပြီးတော့ နှစ်ပေါင်း ၂၀ ထက်မနည်း သက်တမ်းရှိပြီလို့လည်း သိရပါတယ်။

“လယ်ပြင်ဂိတ် အဲဒီ စုပေါင်းဂိတ် ရုတ်သိမ်းသွားပြီဆိုတာ ဟုတ်တော့ ဟုတ်တယ်။ ဘယ်လို ဆက်လုပ်လာမလဲ။ ဘယ်လို ဖြစ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ဘယ်လို အခြေအနေကြောင့် ရုတ်သိမ်းသွားတယ်လိုတာ အတိအကျတော့ မသိရသေးဘူး။ “လို့ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့အဝင်က ပန်းတင်တံတား စစ်ကောင်စီရဲဂိတ်ကို KIA၊KPDFပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here