ပန်ဝါမြို့က ပြည်သူ့စစ်တပ်ဖွဲ့များ၏ ဗဟိုလက်နက်သိုလှောင်ရုံ ပေါက်ကွဲပြီး မီးလောင်ပျက်စီး

314

နိုဝင်ဘာ၊၈

ကချင်ပြည်နယ်၊ ပန်ဝါမြို့မှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ ဗဟိုလက်နက်သိုလှောင်ရုံဟာ ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲပြီး မီးလောင်သွားတယ်လို့ သိရပါတယ်။

အဲဒီလက်နက်ရုံဟာဘာကြောင့် မီးစတင်လောင်ကျွမ်းသလဲဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်း ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ရုံမီးလောင်တာဟုတ်တယ်။ သေနက်ကျည်သံ၊ ဗုံးသံတွေလည်း အရမ်းမြည်တယ်။ လက်နက်ရုံးမီးလောင်တာလို့ပြောတယ်။ “လို့ ဒေသခံက ဆိုပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ပန်ဝါပြည်သူ့စစ်ရဲ့ လက်နက်သိုလောင်ရုံမီးလောင်တာ ဟုတ်မှန်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောပြပါတယ်။

အဲဒီလက်နက်ရုံဟာ ပန်ဝါမြို့ထဲက ဘုန်းကြီးကျောင်းအောက်၊ ပြည်သူ့စစ်ရုံဝင်းထဲမှာ ရှိတာဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here