လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်သားများကို AA လိုက်လံတိုက်ခိုက်၊ ၅ ဦးသေဆုံး

379

 

နိုဝင်ဘာ၊၁၅

ရက္ခိုင့်တပ်တော်(AA) ကနေ လက်နက်ချအညံခံဖို့ အသိပေးထားပေမဲ့ လက်ခံမှုမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်မနက်က လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ် လို့ AA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရက္ခိုင်ပြည်၊ မောင်တော၊ ကံပြင်သာစည်ရွာဘက်မှာ လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် လက်နက်ချအညံ့မခံတဲ့သူတွေကို ဆက်လက်တိုက်ခိုက်သွားမယ် လို့ AA က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက် တစ်ရက်ထဲတင် စခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်သွားတယ်လို့ သိရပါတယ်။

အဲဒီတစ်ရက်ထဲမှာပဲ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ယောက်အပါအဝင် စစ်သား ၁၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို စစ်ကောင်စီရဲ ၂၈ ယောက်ဟာလည်း အသာတကြည်လက်နက်ချပြီး အလင်းဝင်လာတယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA) ဟာ အခုအချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာလည်း KIA၊ PDF တို့ နဲ့အတူ ပါဝင်တိုက်ခိုက်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here