ဖားကန့်တွင် ကျောက်ရှာဖွေသူတစ်ဦး ကားကြိတ်ခံရပြီး သေဆုံး

215

 

နိုဝင်ဘာ၊၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာက မြေစာပုံတစ်ခုမှာ ဒီကနေ့မနက် ၅နာရီခွဲလောက်က အမျိုးသားတစ်ဦး ဆယ်ဘီကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

နန့်မှော်ကျေးရွာက ပွင့်ထူးစံမြေစာပုံမှာ အမျိုးသားတစ်ဦး ဆယ်ဘီကား မတော်တဆ ကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ မိုးမလင်းတလင်းဆိုတော့ မတော်တဆ ကြိတ်မိတာ”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၄၂နှစ် ၊ဦးကျော်သိန်းထွန်းလို့ သိရပြီး မနက်ကျောက်ရှာထွက်တဲ့အချိန် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်က မှော်တွေမှာ ရေမဆေးကျောက်ရှာသူတွေကို မြေစာပုံပြိုပြီး သေဆုံးကြရတဲ့အပြင် အကြောင်းအရင်း အမျိုးမျိုးကြောင့်လည်း သေဆုံးနေကြရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နဲ့ ၂၀ရက်နေ့ကလည်း ဆန်ခါကျေးရွာအနီးက နေမင်းကမ္ဘာ ကုမ္မဏီလုပ်ကွက်အတွင်းနဲ့ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး တောက်ပကြယ်ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်ဟောင်းအနီးမှာ ကျင်းပြိုကျတဲ့အထဲ ရေမဆေးကျောက်ရှာသူတွေ ပါသွားခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုတဲ့အတွက် ရေမဆေးရှာဖွေနေသူ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here