ကျိုက်မရောအကျဉ်းထောင်က တိုက်ပိတ်ခံနိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို ထပ်တိုးအမှုတွေဖွင့်ထား

189

 

ဇူလိုင်၊၂၂

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၅ ယောက်ဟာ တိုက်ပိတ်ခံရတာကနေ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ထပ်တိုးပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုလွမ်းဝေအောင်၊ကိုအောင်ဇော်မင်း၊ညီညီ၊ကိုဇာနည်အောင်နဲ့ ကိုနန္ဒာအောင်လင်း တို့ကို ထောင်ဝန်ထမ်း ၂၀ ခန့်က အကြောင်းပြချက်မပေးဘဲ ရိုက်နှက်ခေါ်ဆောင်သွားပြီး တိုက်ပိတ်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနိုင်ကျဉ်း ၅ ယောက်ကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁)၊ လာရောက်ခေါ်ဆောင်ချိန်မှာ အသာတကြည်မလိုက်ဘဲ ခုခံတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ(၂၂၄) ထပ်တိုး တရားစွဲပြီးတော့ မတရားအမှုဖွင့်ထားတာလို့ PPNM က ဆိုပါတယ်။

“တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ တိုက်ကပြန်ပွင့်လာပြီ။ထောင်ဝင်စာကတော့ သူတို့က နယ်ဝေးမှာ ရှိတာမိသားစုတွေက ငွေကြေးပို့တာလောက်ပဲ ရှိတယ်။”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို အကြောင်းမဲ့ ခေါ်ဆောင်သွားချိန်မှာ ထောင်ဝန်ထမ်းတွေက ‌လေးခွ၊နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခေါ်ဆောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here