ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေကို KIA က တိုက်ခိုက်အပြီး စစ်ကောင်စီက လေကြောင်းနဲ့ပြန်လည်ပစ်ခတ်

277

စက်တင်ဘာ၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာကနေ ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ဒီကနေ့မနက် ၁၁ နာရီခွဲခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်အပြီးနောက် ဆိပ်မူကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ယူမာကျေးရွာ ကျောက်ဝိုင်းကနေ ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ယူမာကျောက်ဝိုင်းဘက်နေ ထွက်လာတဲ့အချိန် လိုက်ပစ်တာတဲ့။စစ်ကောင်စီဘက်က အရမ်းသေတယ်တဲ့။လေယာဉ်နဲ့နှစ်ခေါက် လာပစ်တယ်။“လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် KPDF ဘက်က အထိအခိုက်ရှိပြီး ဆက်သွယ်ရေးလိုင်းအခြေအနေ ကြောင့် အသေးစိတ်မသိရသေးဘူးလို့ လည်း ဆိုပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဆိုင်းတောင်ဆုတောင်းကုန်း၊ ဆိပ်မူရပ်ကွက်(၃)နဲ့ (၄)ဘက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့က ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဆိပ်မူဒေသခံတွေစစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here