ဧပြီ၊၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဗလခမှော်နှင့် မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုတွင် ယမန်နေ့ည(၉)နာရီ ဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းလုပ်ကွက်အတွင်း မည်သည့် အကြောင်း ကိစ္စကြောင့် ပေါက်ကွဲမှု ဖြစ်သည်ကို အတိအကျ မသိရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
” ဗလခမှော်နဲ့ မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုမှာ ဖြစ်တာ။ လူ(၅)ယောက် ထိခိုက်တာ။ လက်နက်ကြီး ကျတယ်လို့လည်း ပြောတယ်။ တချို့က ပေါက်ကွဲမှု ဖြစ်တယ်လို့လည်း ပြောတယ်။ အတိအကျတော့ မသိရဘူးပေါ့။ ရေမဆေးရှာတဲ့ သူတွေရော ကြောက်ပြီး အကုန် ထွက်ပြေးကြတာ”ဟု ၎င်းက ဆိုသည်။
ယင်းပေါက်ကွဲမှုတွင် လုပ်ကွက်အတွင်း တစ်နိုင်တပိုင် လုပ်ကိုင်နေသည့် အမျိုးသား(၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။







