လွယ်ဂျယ်မြို့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီး “KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့” သတင်းအမှားဖြန့်ဝေ
ဧပြီ၊၁၂
တရုတ်ပြည်အစပ် ကချင်ပြည်နယ်၊လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီးတော့ "KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့" သတင်းအမှားကို စစ်ကောင်စီလော်ဘီ ချန်နယ်တစ်ခုဖြစ်တဲ့ မှိင်းဝေ Telegram Channel ကနေ ဧပြီလ ၁၀ ရက်နေ့က စတင်ပြီးတော့ သတင်းအမှားတွေ ရေးသားဖြန့်ဝေလာပါတယ်။
အဲဒီသတင်းအမှားကို ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ထိ ဝင်ရ...