နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

178

 

ဇန်နဝါရီ၊၂၅

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီတပ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်လောက်ကနေ KIA ဘက်က စတင်ထိုးစစ်ဆင်ခဲ့ပြီး မနေ့က အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို ၃နာရီ၊ ၄နာရီလောက်(မနေ့ညနေ) မှာ သိမ်းနိုင်ပြီးတော့ ၆ နာရီလောက်မှာ အပြီး သိမ်းပိုက်နိုင်ပြီလို့ အကြောင်းကြားလာကြတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုအခြေအနေ၊ လက်နက်၊ ကျည် သိမ်းဆည်းရတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ သိမ်းယူခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာပဲ KIA စစ်ကောင်စီကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး KIA ကနေ့ စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here