စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို နာဖော့တောင်အနီး KIA မှ ပစ်ချခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

288

 

ဇန်နဝါရီ၊၃

ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA ကနေ ပစ်ချခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီတောင်ကြောမှာရှိတဲ့ KIA ရဲ့ ရှေ့တန်းစခန်းကနေ ပစ်ချခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို အသေးစိတ်ပြောဆိုဖို့ ခက်ခဲနေသေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

” KIA တွေပစ်ချတာ ဟုတ်တယ်တဲ့။ ဒါပေမဲ့ အတိအကျကို အတည်ပြုပြောဖို့ ခက်တယ်။ ဘာလို့ဆို သူတို့ပစ်တဲ့ဘက်က ကွန်ဖမ်းမပေးသေးဘူး။ ပစ်တာက ရှေ့တန်းပိုစ့်တွေ ပစ်တာဟုတ်တယ်။ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ပျက်ကျခဲ့တဲ့အချိန်ဟာ မနက် ၁၂ နာရီ အချိန်လောက်မှာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာလည်း မရှိတာကြောင့် ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ခန့်မှန်းရကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီးနောက် နမ်ဆန်ယန်ကျေးရွာနားအထိ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေ လာရောက်ပျံဝဲတာရှိခဲ့တယ်လို့ကြားသိရကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here