Covid-19 ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် အငြိမ်းစားဝန်ထမ်းအား မြစ်ကြီးနား မြို့တော်ခန်းမတွင် ပင်စင်လစာထုတ်ပေး

1324

ဧပြီ ၂၂

Covid-19 ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် မြစ်ကြီးနားမြို့တွင်း နေထိုင်သည့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို  မြို့တော်ခန်းမတွင် ဧပြီလ ၂၁ ရက်ကနေ၂၂ ရက်အထိ ထုတ်ပေးခဲ့ကြောင်း  သိရသည်။

Covid-19 ကြောင့် ခါတိုင်းပေးနေကျ ဘဏ်မှာက လူစုလူဝေးနဲ့ ပေးလို့မရတဲ့အတွက် လာထုတ်တဲ့သူတွေ ၃ပေအကွာကနေ နေရာပေးပြီး ထုတ်ဖို့ ပြည်နယ်အစိုးရစီက ခွင့်ပြုချက်ယူပြီး မြို့တော်ခန်းမမှာ ထုတ်ပေးရတာပါ ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပင်စင်လာထုတ်သည့် အငြိမ်းစား အယောက်ချင်းစီတိုင်း၏  လက်များအား သန့်စင်စွာ ဆေးကြောစေပြီး ကိုယ်အပူချိန်များ တိုင်းတာပြီးမှသာ သတ်မှတ်ထားသည့် နေရာတွင် လစာငွေတွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here