ဩဂုတ်၊၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြိုနယ်၊ လုံရှာယန်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စိုက်ပျိုးပြီးစီးထားတဲ့ စပါးခင်းတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
မနေ့ညက မိုးရွာသွန်းမှု များခဲ့တာကြောင့် လုံရှာယန်ကျေးရွာက ဧက တော်တော်များများ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အခုနှစ်မှာတော့ အရင်နှစ်တွေကထက် ဆီစျေးတွေ၊ ကုန်စျေးတွေ အဆမတန်မြင့်တက်နေတဲ့ကြားကနေ စိုက်ပျိုးထားရတဲ့ လယ်စပါးတွေ ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ဒီနှစ်မှာ ဆီမ၀ယ်နိုင်လို့ခက်ခက်ခဲခဲနဲ့ မနည်းထွန်ယက်ပြီး စိုက်ထားခဲ့ရပါတယ်။ အခုတော့အကုန်ပါသွားပြီ” လို့ ဆိုပါတယ်။
မိုးရေကြီးမှုကြောင့် ဒေသခံပြည်သူ အိမ်ခြေ(၂၀)လောက်ရဲ့ လယ်တွေ ခန့်မှန်းခြေ ဧက(၁၀၀)ထက် မနည်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
လုံရှာယန်ကျေးရွာမှာ အိမ်ခြေ(၂)ထောင်ကျော်ရှိပြီး လူဦးရေ(၅)ထောင်ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ- RVA Kachin







