covid-19 procedures

ဗန်းမော်၊မံစီတိုက်ပွဲမှာ စစ်ရှောင်ပြည်သူတွေကို KIA က ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ သတင်းအမှား

0
  ဒီဇင်ဘာ၊၁၀ ကချင်ပြည်နယ် ဗန်းမော် မံစီတိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့် စစ်ရှောင်ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီးတော့ စစ်တိုက်ခိုင်းနေတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းအမှားကို ဒီဇင်ဘာလ ၈ ရက်နေ့ ကစတင်ပြီးတော့ စစ်ကောင်စီလော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ “ မြစ်ဆုံသတင်းဌာန” တယ်လီဂရမ်ချန်နယ်လ်ကနေ ရေးသားဖြန့်ဝေနေပါတယ်။ (မူရင်းအရေးအသား) “ဗန်းမော်၊မံစီတိုက်ပွဲများ...

ကချင်ပြည်နယ် မိုးမောက်မြို့နဲ့ မံစီမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

0
  အောက်တိုဘာ၊၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ မံစီမြို့ကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ စစ်ကောင်စီရဲ့ ကွန်မန်ဒိုတပ်မစစ်ကြောင်းကြီးက သိမ်းယူလိုက်နိုင်တယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီလော်ဘီချန်နယ်လ် တစ်ခုဖြစ်တဲ့ Truth Media တယ်လီဂရန်ချန်နယ်လ်ကနေ အောက်တိုဘာလ ၁၂ ရက်နေ့ညနေပိုင်းက စတင်ဖြန့်ဝေလာပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ နောက်ထပ် လော်ဘီချန်နယ်တစ်ခုဖြစ်တဲ့ "နေပြည...

ဝိုင်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူပြော

0
  ဩဂုတ်၊၇ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်သိမ်းပိုက်လိုက်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဝိုင်းမော်မြို့ကို KIA က သိမ်းပိုက်လိုက်ပြီဆိုပြီး မနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ အပြောများနေတာ ဖြစ်ပြီးတော့ ဒါနဲ့ပတ်သတ်လို...

မိုးညှင်းမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို ကချင် PDF တွေက သေနတ်နဲ့ ပစ်ခတ်တယ်ဆိုပြီး စစ်ကောင်စီလော်ဘီချန်နယ်လ်တွေက သတင်းအမှားဖြန့်ချိ

0
  ဧပြီ၊၁၈ ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို ကချင် PDF တွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်လ်ဖြစ်တဲ့ Snow Queen Telegram ချန်နယ်လ်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က သတင်းအမှားတွေ ဖြန့်ချိလာပါတယ်။ အဲဒီသတင်းအမှားကို ဧပြီလ ၁၅ ရက်နေ့ထိ ဝင်ရောက်ကြည့်ရှုသူ ၅၉,၀၀၀ ကျော်ထိ ရှိနေပြီးတော့ Like လုပ်သူ ၁၅၀ ကျော်၊ ပြန်လည်ဝေမျှ...

လွယ်ဂျယ်မြို့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီး “KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့” သတင်းအမှားဖြန့်ဝေ

0
  ဧပြီ၊၁၂ တရုတ်ပြည်အစပ် ကချင်ပြည်နယ်၊လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီးတော့ "KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့" သတင်းအမှားကို စစ်ကောင်စီလော်ဘီ ချန်နယ်တစ်ခုဖြစ်တဲ့ မှိင်းဝေ Telegram Channel ကနေ ဧပြီလ ၁၀ ရက်နေ့က စတင်ပြီးတော့ သတင်းအမှားတွေ ရေးသားဖြန့်ဝေလာပါတယ်။ အဲဒီသတင်းအမှားကို ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ထိ ဝင်ရ...