ဖားကန့်မှာ ဓါတ်ဆီတစ်ဂါလံ ကျပ်တစ်သိန်းအထိ ဈေးပေါက်လာ

67

 

ဒီဇင်ဘာ၊၄

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဓာတ်ဆီတွေပြတ်လပ်နေပြီး ဓာတ်ဆီတစ်ဂါလံကို ကျပ်တစ်သိန်းဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ဆီတွေ ပြတ်လပ်နေတဲ့အတွက် ဆိုင်အများစုပိတ်ထားရပြီးတစ်ဂါလံကို တစ်သိန်းနီးပါး ပေးဝယ်နေရတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုဆို ဓာတ်ဆီဆိုင်တွေ အကုန်လုံးနီးပါးဆိုသလိုပိတ်နေပြီ။ တံခါးနည်းနည်းပဲဖွင့်ပေးပြီး ရောင်းတဲ့ဆိုင်တော့ရှိတယ်။ ဒါပေမဲ့ ဓာတ်ဆီဈေးက ခေါက်ခိုက်သွားတယ်။ တစ်သိန်းရောက်တော့မယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်မြို့က ဆီပန့်ဆိုင်အကြီးတွေဟာ အချိန်အကန့်အသတ်နဲ့သာ ဖွင့်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖားကန့်ဒေသမှာ ဓာတ်ဆီဈေးမြင့်တက်နေပြီး ပြတ်လပ်နေပေမဲ့ ကျောက်စိမ်းတူးတဲ့ လုပ်ကွက်အချို့မှာ မြေစာပစ်ကားတွေ နေ့တိုင်းဖြတ်နေတယ်လို့ မှော်စီစာဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကျွန်မတို့နေတဲ့ ဆိုက်တွေမှာတော့(ကျောက်စိမ်းတူးတာတွေနဲ့ မြေစာပစ်ကားတွေ) လုပ်နေကြတယ်။ ဓာတ်ဆီဆိုင်တွေလည်း တချို့ပိတ်တဲ့နေရာကပိတ်တယ်။ ဖွင့်တဲ့နေရာက ဖွင့်တယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေးလမ်းလည်း မကြာခဏပိတ်တာတွေရှိတဲ့အပြင် တရုတ်နယ်စပ် ကန်ပိုက်တီဂိတ်လည်း ပိတ်ထားတာကြောင့် စက်သုံးဆီတွေအပြင် အခြားကုန်ကားတွေလည်း ဝင်ရောက်တာမရှိဘဲ ကချင်ပြည်နယ်အတွင်း စက်သုံးဆီနဲ့ ကုန်စည်တွေပြတ်လပ်မှု ဖြစ်ပေါ်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here