မြစ်ကြီးနားမြို့ရှိ အမှတ်(၂၁) ခြေလျင်တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို

809
အမှတ်(၂၁) ခြေလျင်တပ်ရင်း

ဇူလိုင်၊၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့  အမှတ်(၂၁) ခြေလျင်တပ်ရင်းကို ဒီကနေ့နေ့လယ်ပိုင်းအချိန်တွင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရပြီး ထိခိုက်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်

ဒီကနေ့ နေ့လယ်ပိုင်း ၁၂နာရီ ခွဲ အချိန်ခန့်တွင် လက်နက်ကြီးနဲ့ ခြောက်ကြိမ်ခန့် ပစ်ခတ်ခံရပြီး ဘယ်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ကို မသိရသေးဘူးလို့  သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ရှေ့တန်းကနေ  နာမကျန်းဖြစ်ပြီး ခဏနားနေတဲ့ စစ်မှူထမ်းတွေနဲ့  ၃၇တပ်ရင်း ကနေ ပြောင်းရွှေ့နေထိုင်ကြတဲ့အရာရှိတွေ စစ်မှူးထမ်းဝန်ထမ်းတွေ  တော်တော်များများ  အပြင်းအထန်ထိခိုက်ဒဏ်ရာ ရကြတယ်”လို့ ဆိုပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတစ်ဦးမှလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။ “ အသံတော့ အရမ်းကျယ်တယ်။ (၄) ချက် (၅) ချက်လောက်တော့ ကြားလိုက်တယ်။ နေ့လယ် (၁၂) နာရီ (၁) နာရီလောက်မှာ ထင်တယ်။တပ်ရင်း (၃၇) ဘက်မှာထင်တယ်။ အသံက အဲဒီဘက်ကနေ လာတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်သံလမ်းဘေးရှိ စစ်ကောင်စီ စသုံးလုံးအဆောက်အအုံအနီးတွင် ၅ ကြိမ်ခန့် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here