ခမ်းပတ်မြို့အနီးက ကနန်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲ၊ အရပ်သား ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးပါဝင်

257
ဓါတ်ပုံ- စစ်ကောင်စီလေကြာင်းတိုက်မှုကြောင့် သေဆုံးသူများနှင့် နေအိမ်ပျက်စီးနေမှုများအား တွေ့ရစဉ်။

ဇန်နဝါရီ၊၇

စစ်ကိုင်းတိုင်းဒေသသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာကို ဒီကနေ့ မနက်က စစ်ကောင်စီကနေ Jet Figther နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ကနန်ကျေးရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီကနေ ပေါင် ၂၅၀ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူထဲမှာ အသက် ၃ နှစ်အရွယ်ကလေး ၃ ဦးနဲ့ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြု ပြောပါတယ်။

သေတဲ့အထဲမှာ ကလေးတွေရောပါတယ်။ နေအိမ် လုံးလည်း ပျက်စီးသွားတယ်။” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ခမ်းပတ် စစ်ကောင်စီစစ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here