၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ ပူးပေါင်းပါဝင်နေ

235

 

နိုဝင်ဘာ၊၃

ညီနောင်မဟာမိတ်တပ်တွေရဲ့ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့လည်း ပူးပေါင်းပါဝင်နေတယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်တပ်တွေရဲ့ စခန်းသိမ်းစစ်ဆင်ရေး တိုက်ပွဲတွေမှာ KNDF တပ်ရင်း အမှတ် ၆၀၆ က ပူးပေါင်းပါဝင်တိုက်ခိုက်နေတာလို့ ထုတ်ပြန်လာတာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို KNDF တပ်ဖွဲ့အနေနဲ့ ထောက်ခံကြိုဆိုပြီး စစ်ဆင်ရေးတွေမှာလည်း ထိထိရောက်ရောက် ပါဝင်တိုက်ခိုက်နေသလို စစ်ရေးရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ ရှမ်းမြောက်ဒေသက မြို့ ၄ မြို့ကို ထိန်းချုပ်ထားနိုင်သလို နိုဝင်ဘာလ ၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၉၂ ခုကို သိမ်းယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here