KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

630

ဧပြီ-၂၃

KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးကို ဧပြီလ(၂၀)ရက်နေ့မှ စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုးနှံမည့်သူများကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်‌ ပေးပြီး အသက်(၁၈)နှစ် နှင့်အထက် ကျန်းမာရေးကောင်းမွန်သူများကိုသာ ထိုးနှံပေးကြောင်းလည်း သိရသည်။

 

ထိုးနှံပြီးသူများကိုလည်း ထိုးနှံပြီးကြောင်း လက်မှတ်ထုတ်ပေးပြီး လက်မှတ်မရရှိသူများအနေဖြင့် သတ်မှတ်ထားသည့် Quarantine စင်တာတွင် (၂၁)ရက် ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဧပြီလ(၂၂)ရက်နေ့အထိ မိုင်ဂျာယန်မြို့အနီးရှိ စစ်ရှောင်စခန်းများမှ ပြည်သူ (၂၀၀၀)ဝန်းကျင်ကို ကိုဗစ်ကာကွယ်ဆေး ထိုး‌နှံပေးပြီးကြောင်းလည်း သိရသည်။

Source- The Kachin Net

LEAVE A REPLY

Please enter your comment!
Please enter your name here