KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ

1031

ဧပြီ- ၉

ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်း‌များ ဆက်လက်သင်ကြားနိုင်ရန် ခေါ်ယူနေကြောင်းသိရသည်။

ဗိုလ်လောင်းသင်တန်း တက်ရောက်လိုများသည် အမှတ်စဉ် (၃) ခုအနက် မိမိတက်ရောက်လိုသည့် အမှတ်စဉ်တွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထိုအမှတ်စဉ်များသည် အမှတ်စဉ် (၁၁)၊ အမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၅) တို့ဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်၏ ဧပြီလ( ၆ )ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

အမှတ်စဉ် (၁၁)တွင် ဗိုလ်လောင်းသင်တန်း၊ အမှတ်စဉ် (၆) တွင် ဗိုလ်သင်တန်း၊ အမှတ်စဉ် (၅) တွင်အမျိုးသမီးဗိုလ်သင်တန်းများဖြစ်သည်။

ဗိုလ်သင်တန်းတက်ရောက်သူများရှိရမည့် အချင်းအရည်များသည် (၁၀) တန်းအောင်လက်မှတ်၊ လူပျိုဖြစ်ရမည်၊ အရပ် (၅) ပေ (၂) လက်မအနည်းဆုံးရှိရမည်၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ မျက်မှန်တပ်ဆင်သူမဖြစ်ရ၊ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်နိုင်သူဖြစ်ရမည်၊ မူးယစ်‌ ဆေးဝါးကင်းသူဖြစ်ရမည် စသည်တို့ ဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မဟာ၊ တပ်ရင်းများက အရာရှိများက လူငယ်များနှင့် ပူးပေါင်း ချိတ်ဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here