ဇန်နဝါရီ၊၁
နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ပြီး တစ်မျိုးသားလုံး လွတ်မြောက်ရေးလုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို ကချင်လွတ်လပ်ရေးအဖွဲအစည်း (KIO/KIA)ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
နှစ်ရှည်အခိုင်အမာ တပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြန်လည်ရရှိခဲ့တယ်လို ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအစိုးရ အဆက်ဆက်ဟာ တိုင်းရင်းသားလူမျိုးစု တစ်ချိုတွေကို အဖွဲအစည်းတည်ထောင်၊ လက်နက်တပ်ဆင်ပေးပြီး BGF၊ ပြည်သူ့စစ်ဆိုပြီး နာမည်ပေး သွေးခွဲအုပ်ချုပ်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ခဲ့တယ်လို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားထားတာပါ။
KIO ဗဟိုကော်မတီကနေ ကချင်လူမျိုးစုတွေထဲက BGF ပြည်သူ့စစ်ဆိုပြီး လက်ခံထားတဲ့ အဖွဲတွေဆီ လူလွှတ်ပြီး ရန်သူရဲ့ လက်ပါးစေ မလုပ်ဖို၊ စစ်မှန်တဲ့ နည်းလမ်းနဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးမှာ ပါဝင်ရပ်တည်ဖိုနဲ့ ပြည်သူလူထုကို ကာကွယ်မယ့် လုပ်ငန်းတွေမှာ လက်တွဲနိုင်ဖို အကြိမ်ကြိမ် ကြိုးစားစည်းရုံးခဲ့ဖူးတယ်လို ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းထဲမှာ အခုလို ထည့်သွင်းပြောဆိုထားပါတယ်။
“အဲဒီအဖွဲအစည်းတွေကို ဦးဆောင်တဲ့ ခေါင်းဆောင်အချိုက လက်မခံတဲ့အပြင် စစ်တိုက်ဖို အမိန့်စာထုတ်ပြန်တာတွေ လုပ်ဆောင်လာတာကို ပြည်သူလူထုအားလုံး သိပြီးသားဖြစ်မှာပါ။ အဲဒီထက် ပိုတဲ့အချက်ကတော့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးမှာ ပါဝင်တာအပြင် သူတိုအဖွဲအစည်းတွေကိုယ်တိုင် စစ်ဆင်ရေးချမှတ်ပြီး KIA ကို တိုက်ခိုက်တာတွေ ပိုပိုတိုးများလာပါတယ်။ ဒီလို အကြောင်းအရင်းတွေကြောင့် စစ်ဗျူဟာကို အဓိကကျင့်သုံးပြီး BGF နဲ့ ပြည်သူ့စစ်တပ်ရင်းဌာနတွေကို သိမ်းပိုက်ရှင်းလင်းရတဲ့ အခြေအနေအထိ ရောက်လာတာ ဖြစ်ပါတယ်“လို ပြောပါတယ်။
၂၀၂၄ခုနှစ်မှာ ကချင်ပြည်နဲ့ တရုတ်နယ်စပ် တစ်လျှောက် အကုန်လုံးနီးပါးက စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေ ရုတ်သိမ်းသွားတာကို မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် KIO ဗဟိုကော်မတီက ဒီဖြစ်စဉ်ကို အခြေခံပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ဖို ရည်ရွယ်ပြီး စီမံရေး ချမှတ်နေတယ်လို ဆိုပါတယ်။
ဒီလိုအရေးကြီးတဲ့ လုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်ကြဖိုနဲ့ နယ်မြေဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်တာတွေ၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ အားလုံးမှာ လူငယ်လူရွယ်တွေ၊ ကျန်းမာသူတွေ၊ ပညာတတ်တွေ မိမိဒေသကို ချစ်မြတ်နိုးတဲ့ ပြည်သူအားလုံး စိုးရိမ်ပူပန်မှု မရှိဘဲ ပါဝင်ကြဖို ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရန်လိုစိတ်ထားပြီး စစ်မဖြစ်တဲ့ ဒေသတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအထိ လေယာဉ်နဲ့ ဗုံးကြဲပြီး ကျေနပ်အားရမှုယူနေတာကို တွေ့မြင်ပြီးသားဖြစ်တာကြောင့် ကိုယ်တိုင်သတိထား ကျော်ဖြတ်နိုင်ဖိုကိုလည်း မှာကြားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး မျိုးစုံ မိမိကိုယ်ကျိုးအတွက် စီးပွားဖြစ်လုပ်နေတဲ့ ပြည်သူတွေ အားလုံးကိုလည်း မိမိ အတွက်ပဲ စဉ်းစားပြီး မကောင်းတဲ့ ဒီလုပ်ငန်းကို လက်ကိုင်စွဲပြီး မလုပ်ကြဖိုနဲ့ တစ်မျိုးသားလုံးရဲ့ တိုးတက်ရေးကို အနှောက်အယှက်ဖြစ်စေတဲ့ ဒီလုပ်ငန်းကို ရပ်လိုက်ကြဖိုကိုပါ သတိပေးပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်နဲ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်တွေ တည်ရှိရာ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကချင်နဲ့ရှမ်းမြောက်က စစ်ကောင်စီရဲ့ တပ်စခန်း ၃၀၀ လောက် သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ဓါတ်ပုံ- KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်လန်လ နှစ်သစ်မိန့်ခွန်းပြောနေစဉ်။