မြစ်ကြီးနားအကျဉ်းထောင်မှာ လွတ်ငြိမ်းမပါတဲ့ နှစ်ရှည်အကျဉ်းသားတွေ ဆန္ဒပြ၊ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူရှိဟု သတင်းထွက်ပေါ်

20

 

ဧပြီ၊၁၈

မြစ်ကြီးနားအကျဉ်းထောင်အတွင်း နှစ်ရှည်ထောင်ဒဏ်ချထားခံရတဲ့ အကျဉ်းသားတွေ ဆန္ဒပြမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေကနေ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ် သိရပါတယ်။

မနေ့က နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါဝင်တာကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံ‌နေရတဲ့ အကျဉ်းသားတွေကနေ ဆန္ဒပြခဲ့တာဖြစ်ပြီး သေနတ်ပစ် ဖြိုခွင်းခဲ့တာ ဖြစ်တယ်လို့ ကြားသိရတဲ့အကြောင်း မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီညနေ ထောင်ဖြိုခွင်းမှုတွေ ရှိတယ်။ နာရီခွဲလောက်မှာ သေနတ်သံတွေ အရမ်းကြားရတယ်။ နှစ်ချီသမားတွေ လွတ်ငြိမ်းခွင့်မှာ ပါမလာတော့ အခုလို ဖြစ်ကြတာလို့ ဒေသခံက ပြောပါတယ်။

မနေ့က နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါဝင်သူ‌တွေဆန္ဒပြတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ လက်ရှိမှာတော့ အခြေအနေငြိမ်သက်သွားပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

နာရီလောက်မှာ စအော်တယ်။ အော်တော့ သွားပြီးမှ ထိန်းတယ်။ ထိန်းလို့မရတော့ အဆောင်တံခါးချိုးတော့ စပစ်တယ်။ ခုတာ့ ငြိမ်သွားပြီလို့ ဆိုပါတယ်။

ပစ်ခတ် ဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိတွေနဲ့ သေဆုံးသူ အကျဉ်းသားတွေ ရှိတယ်လို့ ကြားသိရပေမဲ့ အတိအကျ မသိရှိရသေးပါဘူး။

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်လွတ်ပေးတဲ့အထဲ မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်မှာ အကျဉ်းကျနေသူ သုံးထောင်ကျော် ပါဝင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here