ဝူယန်ကျေးရွာ၊ ခါနန်စစ်ရှောင်စခန်းက ကျောင်းသူ/သား အယောက် ၁၀၀ ကျော် ကျောင်းမတက်ရသေး

5

 

ဇူလိုင်၊၈

ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက ခါနန်စစ်ရှောင်စခန်းက ကျောင်းသူ/သား ၁၀၀ ကျော် ကျောင်းမတက်ရသေးတဲ့အတွက် မိဘတွေစိုးရိမ်နေပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မိဘတချို့ကတော့ ကလေးတွေကို မြစ်ကြီးနားမြို့ဘက်မှာ ကျောင်းထားပြီး တချို့က နောင်းချိန်းစစ်ရှောင်ဘက်မှာ ပြောင်းနေပြီးတော့ ကျောင်းအပ်နှံကြပေမဲ့ တချို့က ကျောင်းမတက်နိုင်သေးဘူးလို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

တစ်ဝက်လောက်ကတော့ ဘယ်မှာမှကျောင်းမတတ်နိုင်ဘဲ စခန်းမှာပဲ နေနေကြတယ်။ ကျွန်တော်တို့လည်း ကလေးတွေကို Grammar(သဒ္ဒါ) ပဲဖြစ်ဖြစ် သင်မလို့လုပ်ပေမဲ့ နေရာမလုပ်နိုင်တော့ မသင်နိုင်သေးဘူး။ အဲဒါကြောင့် မူကြိုပဲဖြစ်ဖြစ် ဖွင့်နိုင်အောင် ပြင်ဆင်နေတယ်။”လို့ တာဝန်ခံက ဆိုပါတယ်။

ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို စာနဲ့အဆက်မပြတ်စေဖို့ စခန်းအတွင်းမှာပဲ အင်္ဂလိပ်၊ Grammar ၊သင်္ချာ၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေကို တစ်ပတ် ၃ ရက် လောက် သင်ပေးဖို့ ဆရာ/မတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ကျောင်းမတတ်ဘဲ နေမယ်ဆိုရင် ကျောင်းစာနဲ့အဆက်ပြတ်မှာကို မိဘတိုင်းက စိုးရိမ်နေတဲ့အတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးစေချင်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။

တိုက်ပွဲအခြေအနေငြိမ်သွားပြီး ရွာအတွင်းကျောင်းပြန်ဖွင့်နိုင်တဲ့ အခြေအနေရောက်ရင် ကလေးတွေ စာလိုက်နိုင်အောင် စခန်းတွင်းသင်ကြားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း တာဝန်ခံက ဆိုပါတယ်။

စခန်းမှာ အိမ်ခြေ ၂၃၀ ရှိပြီး ကျောင်းသူ/သား အယောက် ၂၀၀ ကျော်ရှိတဲ့အထဲက ၁၀၀ နီးပါးလောက် တခြားနေရာကိုပြောင်းပြီး ကျောင်းသွားတက် နေတဲ့အတွက် စစ်ရှောင်စခန်းမှာ ကျောင်းမတက်ရတဲ့ ကလေးအယောက် ၁၀၀ ကျော် ကျန်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်စခန်းကပြည်သူတွေ စားဖို့အတွက် အစားအစာလိုအပ်ပြီး မိုးတွင်းဖြစ်တဲ့အတွက် ငှက်ဖျားနဲ့ တုပ်ကွေးစတဲ့ အခြေခံဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here