အာဏာသိမ်းပြီးတဲ့နောက် တရုတ်ကိုကျွန်းသစ်တင်ပို့မှု ၂ ဆကနေ ၃ ဆနီးပါးထိမြင့်တက်

2

အောက်တိုဘာ၊ ၁၂

အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့ကျွန်းသစ်တွေကို တရုတ်နိုင်ငံဆီတင်ပို့မှုဟာ ၂ ဆကနေ ၃ ဆနီးပါး အထိ မြင့်တက်လာတယ်လို့ ပတ်ဝန်းကျင်နဲ့ သစ်တောအခြေပြုအကြောင်းတွေကို ဖော်ပြနေတဲ့ ဩစတေးလျအခြေစိုက် Wood Central ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

အာဏာမသိမ်းခင်ကတော့ တရုတ်နဲ့ အနောက်နိုင်ငံတွေကနေ ကျွန်းသစ်ဝယ်ယူမှုဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၈၀ ဖိုးနီးပါးလောက် အတူတူနီးပါးရှိခဲ့တာလို့ Wood Central က ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အချက်အလက်တွေကို ကိုကားပြီးဖော်ပြထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် အနောက်နိုင်ငံတွေက ဝယ်ယူမှုတွေကျဆင်းပြီး တရုတ်ကို ကုန်သွယ်မှု မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်ထဲမှာတော့ မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သလို အဲဒီနောက် ဥရောပသမဂ္ဂကလည်း ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာတော့ တရုတ်ကိုသစ်တင်ပို့မှုဟာ ဒေါ်လာ ၁၄၇.၃ သန်းဖိုးရှိပြီး ဒါဟာ အာဏာမသိမ်းခင်ကထက် ၂ ဆနီးပါးရှိခဲ့သလို ၂၀၂၄ ခုနှစ်တုန်းကဆိုရင်လည်း ဒေါ်လာ ၂၂၈.၇ သန်းအထိရှိခဲ့တာကြောင့် သုံးဆနီးပါးရှိခဲ့တာလို့ Wood Central ကဖော်ပြထားပါတယ်။

တရုတ်ရဲ့ ဝယ်ယူမှုတွေထဲက လေးပုံသုံးပုံနီးပါးဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ တရုတ်၊ ယူနန်ပြည်နယ် ကုမ္ပဏီတွေဆီက ဖြစ်တယ်လို့ သစ်တောတွေ၊ သဘာဝဂေဟစနစ်တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ Forest Trends ရဲ့ အချက်အလက်တွေကို ကိုးကားပြီ Wood Central က ရေးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ သစ်တောပြုန်းတီးမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၀၁ ခုကနေ ၂၀၂၅ ခုနှစ်အထိ သစ်တောဖုံးလွှမ်းမှုဆုံးရှုံးတဲ့ ပမာဏ ဧကပေါင်း ၁၃ သန်းကျော်ရှိနေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာအချက်အလက်တွေကို စောင့်ကြည့်နေတဲ့ Global Nature Watch (GNW) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here