ရှမ်းမြောက်နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး မကြာမီဆွေးနွေးတော့မယ်လို့ TNLA ပြော

20

 

မေ၊၅

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းတပ်မတော် (TNLA) တို့ကြားက မြေပြင်ပြင်အပြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်မှု အစည်းအဝေး ဆောင်ရွက်ထားပြီဖြစ်ပြီးတော့ မကြာမီတွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ နှစ်ဖက်တပ်ဘက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ထားပြီးတော့ အစည်းအဝေးနေရာ သတ်မှတ်ပြီးသွားရင် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ TNLA တွဲဖက်အတွင်းရေးမှူး တာပန်းလက မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တစ်နှစ်တစ်ကြိမ်တွေ့ဆုံမှု အစည်းအဝေးကည်း မကြာမီဖြစ်ဖို့ ရှိပါတယ်။ အခုဆိုရင် ကြိုတင်ပြင်ဆင်မှု အစည်းဝေးတွေ ဆောင်ရွက်ပြီးပါပြီ။ အခုကတော့ နေရာသတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။နေရာသတ်မှတ်ပြီးရင် မကြာမီကာလအတွင်းမှာ တွေ့ဆုံပြီးမှ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ကြမလဲ ဆွေးနွေးသွားဖို့ရှိပါတယ်။ လို့ ဆိုပါတယ်။

အပြန်အလှန်ကူညီဆောင်ရွက်ကြဖို့ ၁၉၇၆ ခုနှစ်ကတည်းက မဟာမိတ် စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၃ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း နောက်ဆက်တွဲစာချုပ်တွေ ချုပ်ဆိုသဘောတူညီထားခဲ့ ကြတဲ့အပြင် နှစ်တိုင်း အနည်းဆုံးတစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း စီစဉ်ထားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ရေးပြင်းထန်တဲ့ ကာလတွေအတွင်း သတ်မှတ်ထားတဲ့အတိုင်း အစည်းအဝေးတွေ မလုပ်ဖြစ်ဘဲ ညှိနှိုင်းဖို့လို့တဲ့ တချို့ကိစ္စတွေ ညှိနှိုင်းဖို့ မဆွေးနွေးဖြစ်တာကြောင့် ပြဿနာတချို့ ဖြစ်ပွားသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးဆင်နွဲတဲ့ အခါမှာတော့ အဖုအထစ်အခက်ခဲတွေ သိပ်ပြီးမရှိခဲ့ပေမဲ့ မြို့နဲ့ ဒေသတွေကို ဘက်ပေါင်းစုံက တာဝန်ယူပြီး အုပ်ချုပ်ရတဲ့အခါမျိူးမှာတော့ နယ်မြေတစ်ခုထဲမှာ လက်နက်ကိုင်အဖွဲ့ အများကြီးရှိနေရင် လူထုတွေမှာ သက်ရောက်မှုပြင်းထန်ပြီး ခက်ခဲမှုတွေ ဖြစ်ပေါ်လာတာကြောင့် လူထုလုံခြုံမှုပေးဖို့ စီမံဆောင်ရွက်ရင်း အခုလိုအဖုအထစ်တွေ ဖြစ်ပွားလာတာလို့ ဆိုပါတယ်။

နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ဘက်ကလည်း ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီဆိုပြီး ကချင်လွတ်လပ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရှမ်းမြောက်နယ်မြေတွေဘက်မှာ နှစ်ဖက်တပ်ရဲ့ အောက်ခြေတပ်သားတွေကြား အခုနှစ် နှစ်စပိုင်း လောက်ကနေ မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်ခဲ့တာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here