မြစ်ကြီးနားမြို့တွင် ဘောလုံးကစားနေသည့် လူငယ်များအား ရဲနှင့်စစ်သားများမှ အရပ်ဝတ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်

2252
ဘောလုံးကစားနေသည့် လူငယ်များကိုရဲနှင့်စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီး

ဧပြီ၊၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက် နောင်ရာပါ လယ်ကွင်းတွင် ဘောလုံးကစားနေသည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများက အရပ်ဝတ်များဖြင့် ယမန်နေ့ ညနေပိုင်းက သေနတ်ဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘောလုံးကစားနေချိန် အရပ်ဝတ်များဖြင့် သေနတ်ကိုင်သော လူတစ်စုက လိုက်လံပစ်ခတ်ခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျန်နေခဲ့သော ပစ္စည်း အချို့ သိမ်းဆည်းခံခဲ့ရကြောင်း အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ရှိနေသောလူငယ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က ဘောလုံးကန်​ပြီး သူငယ်ချင်း​တွေနဲ့ခဏ စကားပြောနေကြတာ။ ညနေ ၆ နာရီ​ကျော်လောက်ပဲ ရှိသေးတယ်။ဘယ်သူက ဘယ်လို သတင်းပေးလိုက်တာလဲတော့ မသိဘူး။ ကားတွေနဲ့ရောက်လာခဲ့တယ်။လူ​တော့ တော်တော်များတယ်။ သေနတ်တွေထုတ်ပြီး လိုက်ပစ်တာ။ ကျွန်တော်တို့လည်း ဘေးလွတ်ရာအိမ်တွေမှာ အကူအညီတောင်းပြီးရှောင်​ပြေး လိုက်တယ်။ လူတော့ပါမသွားဘူး။ ထွက်​ပြေးတဲ့ချိန် ကျန်ခဲ့တဲ့ ဆိုင်ကယ်လေးစီးနဲ့ ဖုန်းတစ်လုံး တော့ပါသွားတယ်”ဟု အဆိုပါလူငယ်က​ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့တဲ့ ဧပြီလ (၂၄) နေ့ကလည်း PDF ဟုဆိုကာ လူငယ်ခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here