ဧပြီ၊၂၇
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် စစ်ဘေးရှောင်နေသည့် ပူတာအိုမြို့နယ်၊ လုံရှာယန်နှင့် ဆွမ်ပီယန်ကျေးရွာများမှ ဒေသခံပြည်သူများ တတိယအသုတ်အနေဖြင့် မိမိတို့ကျေးရွာသို့ နေရပ်ပြန်ပြီ ဖြစ်ကြောင်း သိရသည်။
လုံရှာယန်နှင့် ဆွမ်ပီယန် နှစ်ရွာပေါင်း စစ်ရှောင်ပြည်သူ (၂၀၀) ကျော် အိမ်ထောင်စု (၁၀၀) ကျော် တတိယအသုတ် နေရပ်ပြန်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဒီတစ်ခါက ဆွမ်ပီယန်ဒေသခံအိမ်ထောင်စု ၈ စု၊ယောက်ျားလေး ၁၀ယောက် မိန်းကလေး ၇ယောက် စုစုပေါင်း ၁၇ ယောက်၊ လုံရှာယန်ဒေသခံ အိမ်ထောင်စု ၉၉ စု၊ယောက်ျားလေး ၈၇ယောက်၊မိန်းကလေး ၁၁ယောက်၆၊ စုစုပေါင်း ၂၀၃ယောက်၊အားလုံးပေါင်းဆိုရင်တော့ အိမ်ထောင်စု ၁၀၅ အိမ်ထောင်စု ဟုတ်တယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ပူတာအိုမြို့နယ်အတွင်း ဖေဖော်ဝါရီလ (၁) ရက်နေ့က ချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ မြစ်ကြီးနားသို့ တိမ်းရှောင်ခဲ့သည့် စစ်ရှောင်ပြည်သူများ အနေဖြင့် မတ်လအတွင်း တစ်သုတ်နှင့် ဧပြီလအတွင်း နှစ်သုတ် နေရပ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။







