ဖားကန့်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် လူထိခိုက်သေဆုံးမှုရှိ

151

 

ဇန်နဝါရီ၊၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ဒီကနေ့မနက် ၁၀နာရီခွဲလောက်က စစ်ကောင်စီကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာ၊မဇွပ်ယန်ထောင်အနီးနဲ့ ဆန်ခါကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာလို့ ဖားကန့်ဒေသခံအမျိုးသားက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မဇွပ်ယန်မနောကွင်းမှာလည်း လာကျတယ်။ ဆန်ခါရွာဘက်လည်း လာပစ်တယ် တစ်ရွာပြီးတစ်ရွာ။ အခုလေယာဉ်ပြန်လာမယ်ဆိုလို့ ဘယ်သူမှမသွားရဲကြဘူး။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်တပ်က မဇွပ်ယန်ကျေးရွာနဲ့ ဆန်ခါကျေးရွာအပြင် တောက်ပကြယ် ကျောက်စိမ်းလုပ်ကွက်ဘက်လည်း ဗုံးကြဲချခဲ့တဲ့အတွက် ထိခိုက်သေဆုံးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မဇွပ်ယန်ကျေးရွာအနီး စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုများတယ်လို့ ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်

လေယာဉ်ဗုံးလာကြဲတာ။မဇွပ်ယန်ကျေးရွာအနီးဘက်ကျလို့ လူတွေလည်း အရမ်းသေတယ်။ လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

အထက်ပါကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ဟူးကောင်းဒေသ ၊ တနိုင်းမြို့နယ်အတွင်းက Tsan lun ရွှေမှော်ဒေသတစ်ခုမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here