တနိုင်းမြို့၊ တရုံချောင်းတံတားထိပ်တွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကျပ်နေ

230

 

ဩဂုတ်၊၂၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံချောင်းတံတားထိပ်က စစ်ကောင်စီတပ်စန်းကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို ဩဂုတ်လဆန်းကနေစပြီး စစ်ဆေးရေး တင်းကျပ်နေတယ်လို့ သိရပါတယ်။

ခရီးသွားကား၊ ဆိုင်ကယ်တွေကို တားဆီးပြီးမှတ်ပုံတင်၊ ဖုန်း စတာတွေကို စစ်ဆေးနေတဲ့အပြင် ကုန်ပစ္စည်းတွေကိုပါ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ခရီးသည်တွေကို စစ်တယ်။ ကုန်ပစ္စည်းပါရင် ကုန်ပစ္စည်းတွေ စစ်တယ်။ အရင်ကလို လွတ်လွတ်လပ်လပ် ဖြတ်လို့ မရတော့ဘူး”လို့ ခရီးသွားပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိအဲဒီတပ်စခန်းမှာ တပ်စွဲနေသူတွေဟာ မကြာသေးခင်ကမှ တပ်ပြောင်းလာကြတဲ့ တပ်သားအသစ်တွေဖြစ်ပြီး စစ်သားအင်အား ၄၀ အထက်ထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

ခရီးသွားပြည်သူတွေကိုသာမက ဒေသခံပြည်သူတွေကိုပါ တားဆီးစစ်ဆေးနေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တနိုင်းဒေသခံ အရပ်သားပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

“အသစ်ပြောင်းလာတဲ့ တပ်သားတွေ ရောက်ကတည်းကအခုလို စစ်လာတာ။ တောင်ယာသွားတဲ့ သူတွေကိုရော စစ်တယ်။”လို့ အထက်ပါ အရပ်သား ပြည်သူက ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ စခန်းမှာ မနက် ၆နာရီလောက်ကနေ စစ်သားတွေ စောင့်ကြပ်လေ့ရှိပြီး တစ်ခါတစ်လေ ခရီးသွားကားတွေကို မွန်းလွဲ ၁ နာရီနောက်ပိုင်းမှသာ ဖြတ်သန်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here