စစ်ကောင်စီက မိုင်းအလွန်အကျွံ ထောင်နေတာကြောင့် ပြည်သူသေဆုံးထိခိုက်မှု နေ့တိုင်းနီးပါးရှိနေတယ်လို့ ညီနောင် ၃ ဖွဲ့ သတိပေး

211

 

ဖေဖော်ဝါရီ၊ ၁၉

စစ်ကောင်စီဟာ သူတို့ရဲ့စခန်းတွေနားမှာ မိုင်းထောင်တွေတာအပြင် အရပ်သားတွေသွားတဲ့ လမ်းတွေမှာပါ မိုင်းအမျိုးမျိုးကို အလွန်အကျွံထောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့မနက် အစောပိုင်းမှာ သတိပေးလိုက်ပါတယ်။

စစ်တပ်ဟာ နင်းမိုင်း၊ တိုက်မိုင်း၊ စွန့်လွှတ်မိုင်းတွေကို စစ်စခန်းတွေနားမှာအပြင် ပြည်သူတွေသွားလာတဲ့ လမ်းတွေမှာပါ ထင်သလို အလွန်အကျွံထောင်တာကြောင့် ပြည်သူတွေ မိုင်းနင်းမိပြီး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေတယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်တပ်စခန်းတစ်ခုနားမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်ပြီး အပြင်းအထန်းဒဏ်ရာရသွားတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

UNICEF ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မိုင်းကြောင့်ထိခိုက်ခံစားရသူတွေထဲမှာ ကလေးငယ်တွေက ၂၂ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီအစီရင်ခံစာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိအတွက်ပဲဖြစ်ပြီး အဲဒီကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မိုင်းကြောင့် သေဆုံးထိခိုက်တဲ့ အရပ်သားတွေဟာ ၈၅၈ ယောက်အထိရှိခဲ့ပြီး ဒါဟာ ၂၀၂၂ တစ်နှစ်တာလုံးရဲ့ နှစ်ဆကျော်ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here