အကြိမ် ၄၀ မြောက် အာလမ်ဆုတောင်း ကားတိုင်တောင်တက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ တမန်တော်နှင့် ကာဒီနယ်ချားလ်ဘိုတို့ မစ္ဆားတရားတော် ဟောကြားမည်

182

 

စက်တင်ဘာ၊၁၂

အကြိမ် ၄၀ မြောက် အာလမ်ဆုတောင်း ကားတိုင်တောင်တက်ပွဲကို အရင်နှစ်တွေကလို စက်တင်ဘာလ ၁၃ ရက် နဲ့ ၁၄ ရက်နေ့တွေမှာ မြစ်ကြီးနားမြို့၊အာလမ်ကျေးရွာက ဆုတောင်းတောင်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဆီကနေ သိရပါတယ်။

တိုင်းပြည်အမြန်ဆုံး ငြမ်းချမ်းသာယာဖို့ အဓိကရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် စီစဥ်ထားတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ပြည်သူတွေလည်း စစ်ပွဲကြားထဲမှာ ဘုရားတရားရေးဘက် အိပ်ပျော်နေသလို ဖြစ်နေတဲ့အတွက် စိတ်ကိုနိုးဆွပေးပြီး အားလုံးဝိုင်းဝန်းဆုတောင်းခြင်းအားဖြင့် တိုင်းပြည်လည်း အမြန်ဆုံး ငြမ်းချမ်းသာယာဖို့အတွက်နဲ့ ဆရာတော်မရသေးတဲ့အတွက် ဆရာတော်အမြန်ဆုံးရရှိဖို့ အတွက်ပေါ့နော်” လို့ပြောပါတယ်။

ဒီနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ တမန်တော်နဲ့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုတို့ကနေ လာရောက်ပြီး မစ္ဆားတရားပြုလုပ်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ ၁၃ နေ့ ရက်နေ့အတွက် မစ္ဆားတရားကို ဆုတောင်းတောင်ပေါ်မှာ နေ့လယ် ၁၁ နာရီနဲ့ ည ၈ နာရီမှာ ပူဇော်မှာဖြစ်ပြီး တောင်ခြေမှာတော့ မနက် ၇ နာရီ၊ နေ့လယ် ၁၁ နာရီနဲ့ ည ၈ နာရီ အချိန်တို့ဖြစ်ပြီးတော့ ၁၄ ရက်နေ့ တောင်ပေါ် တောင်ခြေ နှစ်နေရာမှာ မနက် ၇ နာရီနဲ့ နေ့လယ် ၁၁ နာရီ အချိန်တွေမှာ ပူဇော်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ် အာလမ်ဆုတောင်းတောင်၊ တောင်တက်ဆုတောင်းပွဲဟာ ယမန်နှစ်ကထက် လူဦးရေပိုများနိုင်ပြီး လူမျိုးမရွေး ဘာသာမရွေး လာရောက်ဆုတောင်းဆပ်ကပ် ပါဝင်ကြဖို့လည်း ပွဲဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

အာလမ်ဆုတောင်းတောင်ဟာ မြစ်ကြီးနားမြို့နဲ့ ၁၅ မိုင်ခန့် ကွာဝေးပြီး မြစ်ဆုံသွားလမ်းပေါ်က အာလမ်ကျေးရွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here