မနမှော် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ကျောက်စိမ်းတူးဖော်သူ ၃၀ ကျော်အနက် ၁၈ ဦး၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိထား

662

 

ဩဂုတ်၊၁၅

ဖားကန့်မြို့ ၊အေးမြသာယာအုပ်စု၊ မနမှော်မှာ ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ လက်ကျင်းကျောက်စိမ်း တူးဖော်နေသူ ၃၀ ကျော်ထဲက ၁၈ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီအချိန်အထိ ရှာဖွေရရှိထားတဲ့ စာရင်းတွေဖြစ်ပြီး ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခု ၂ နာရီအထိ ၁၈ လောင်းရှိပါပြီ။ မိုးရွာတဲ့အချိန်ပဲ ခဏနားတာ ဆက်တိုက်ရှာနေပါတယ်။ လို့ အထက်ပါအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

မြေပြိုတဲ့အချိန် ပျောက်ဆုံးသွားတဲ့ ကျောက်တူးဖော်နေသူ ၃၇ ဦးထဲက ၁၈ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီကနေ့ ညနေ ၅ နာီရအထိ ဆက်လက်ရှာဖွေသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က မနမှော်မှာရှိတဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ကမ်းပါးပြိုကျခဲ့တာကြောင့် ရေလှိုင်းထပြီး အနီးမှာ ကျောက်ရှာဖွေနေသူ ၃၀ ကျော် ရေလှိုင်းနဲ့အတူ မျောပါပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here