စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်းလုံး မိသားစုများအပါခေါ်ပြီး ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်

258

 

နိုဝင်ဘာ၊ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းတစ်ရင်းလုံး နိုဝင်ဘာ ၁၂ ရက်နေ့က အလင်းဝင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ခမရ (၁၂၉) က တပ်ရင်းမှူးဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၂၆ ယောက်နဲ့ မိသားစုတွေပါအပါ စုစုပေါင်း ၂၆၂ ယောက် အလင်းဝင်လာတာလို့ ဆိုပါတယ်။

အဲဒီ ခမရ ၁၂၉ ဟာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဒေသချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းဖြစ်ပြီး တပ်ရင်းမှူးကတော့ ဗိုလ်မှူး ကျော်ရဲအောင်ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၉ ယောက်ကိုတော့ တစ်ယောက်ကို ကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့ပြီး မိသားစုဝင်တစ်ယောက်ခြင်းစီကိုတော့ ကျပ်တစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်” လို့လည်း ညီနောင် ၃ ဖွဲ့က ရေးသားထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ဆက်သွယ်ပြီး အလင်းဝင်ကြဖို့နဲ့ အလင်းဝင်လာရင် လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အခုအချိန်အထိ စစ်ကောင်စီဘက်က အလင်းဝင်လာတဲ့ ၂၀၀ ကျော်ရှိသွားပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here