ဖားကန့်တွင် PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်သူများအား အလင်းဝင်ရောက်ခဲ့ပါက ကူညီပံ့ပိုးပြီး ဆုကြေးငွေများ ချီးမြှင့်မည်ဟု စစ်ကောင်စီမှ လိုက်လံကြေညာ

366

 

မေ၊၁၂

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပါအဝင် လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေနဲ့ ဥပဒေပြင်ပရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရင် ကူညီပံပိုးမှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လက်နက်ခဲယမ်း အပ်နှံသူတွေကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ ဖိတ်ခေါ်စာတွေကို စစ်ကောင်စီကနေ ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ လိုက်လံဖြန့်ဝေနေပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ဥပဒေဘောင်အတွင်းကို လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်လာရင် လက်နက်အမျိုးအစားအလိုက် ကျပ် (၂)သိန်းကစပြီး ကျပ်သိန်း(၇၅)အထိ ဆုကြေးငွေထောက်ပံပေးသွားမယ်လို့ မက်လုံးပေးရေးသားထားတာကို တွေ့ရပါတယ်။

ဒီကနေ့မနက်ကစပြီး ဖားကန့်မြို့ ပန်းတင်တံတားနဲ့ ကားမိုင်းမြို့ဘက်မှာ အထက်ပါဖိတ်ခေါ်စာတွေကို လိုက်လံဖြန့်ဝေနေတာပါ။

ဒီမနက်ကစပြီး ကားမိုင်မြို့ ဘက်မှာ အရမ်းလိုက်ကပ်နေပြီတဲ့။ ပြီးတော့ ဒီမနက် ၈နာရီလောက်မှာ ဖားကန့်က ပန်းတင်တံတားမှာ စစ်ကောင်စီရဲ ၈ ယောက်က လမ်းသွားလမ်းလာပြည်သူတွေကို ဒီစာရွက်တွေ လိုက်ဝေနေတယ်။ ဆိုင်ကယ် ကားတွေအကုန်ကို ဒီစာရွက်လိုက်ဝေနေတယ်တဲ့”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစာရွက်မှာ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက CRPH၊NUGနဲ့ NLD အစွန်းရောက် PDFအဖွဲ့တွေကို ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန် နိုင်ငံတော် ဖွံဖြို့တိုးတက်ရေး တည်ငြိမ်အေးချမ်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်ကြရမယ့် အချိန်အခါဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီကနေ PDF နဲ့ လက်နက်ကိုင်ဆန့်ကျင်တွေကို အလင်းဝင်ပြီး လက်နက်ခဲယမ်းအပ်နှံခဲ့ရင် ဆုကြေးငွေတွေ ချီးမြှင့်သွားမယ့်ကြောင်း အခုရက်ပိုင်းအတွင်း နေရာအနှံအပြားမှာ လိုက်လံကြေညာနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here