အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးဖော်နေသည့် ဘက်ဟိုးများအား စစ်ကောင်စီမှ လိုက်လံ ဖမ်းဆီး

305
အင်းတော်ကြီးရွှေတူးဖော်

အောက်တိုဘာ၊၁၂

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက တရားမဝင်ရွှေတူးဖော်နေတဲ့ ဘက်ဟိုးတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတဲ့နောက် ရွှေတူးဖော်တာတွေ ရပ်နားထားတယ်လို့ သိရပါတယ်။

လုံးတုံ၊ မမုံကိုင်နဲ့ မိုင်းနောင် ကျေးရွာတစ်ဝိုက်မှာ ရွှေတူးဖော်နေတဲ့ ဘက်ဟိုးတွေကို နေပြည်တော်ကနေ စစ်ကိုင်းတိုင်း၊ ကောလင်းဝန်းသိုဘက်ခြမ်းက ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လွန်ခဲ့တဲ့အပတ် သောကြာနေ့မှာ လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တပ်ထဲကို သုံးစီးမောင်းဝင်သွားတယ်လို့ လုံးတုံဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

သူတို့က ဘေးမဲ့ကြိုးဝိုင်းထဲမှာ လမ်းဘက်ထိတူးလာတာ။ အစိုးရရဲ့ ကြိုးဝိုင်းသတ်မှတ်ဆိုင်းဘုတ်တွေလည်း အားလုံးတူးလှဲလိုက်တာကြောင့် နေပြည်တော်ကနေ တိုက်ရိုက်ဖမ်းခိုင်းတာဆိုပြီး စစ်ကြောင်းထိုး ဖမ်းတာ။ တချို့အိမ်မှာရှိတဲ့ဟာတွေလည်း စားရင်းယူသွားတာ ၆၀ ကျော်လို့တော့ ပြောတယ်။“လို့ ဒေသခံက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အင်းတော်ကြီးဒေသက ကြိုးဝိုင်းသစ်တောတွေမှာ တရားမဝင်ရွှေတူးဖော်တာတွေ ပိုမိုများပြားလာတာဖြစ်ပြီး လုံးတုံ မမုံကိုင်နဲ့ မိုင်းနောင်ကျေးရွာတစ်ဝိုက် လမ်းမကြီးနံဘေးတွေထိ နေ့ဆိုင်း ညဆိုင်းနဲ့ ရွှေတူးဖော်နေတဲ့ ဘက်ဟိုးရာကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို လိုက်လံဖမ်းဆီးတဲ့အချိန် တချို့ဘက်ဟိုးတွေကို တောထဲမောင်းပြေးကြတာတွေရှိတာကြောင့် လိုက်လံဖမ်းဆီးတဲ့အခါ KIA၊ PDF တပ်ဖွဲ့တွေနဲ့ ထိတွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားလာမှာ စိုးရိမ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here