ဖားကန့်မြို့က ခခူးပုံနှိပ်တိုက်ကို စစ်ကောင်စီကဝင်စီးပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွား

171

 

ဇန်နဝါရီ၊၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်မှာရှိတဲ့ ခခူးပုံနှိပ်တိုက်ကို ဒီကနေ့ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီကနေ ဝင်ရောက်ရှာဖွေပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အထက်ပါ ခခူးပုံနှိပ်တိုက်ကို စစ်ကောင်စီအင်အား ၁၀ ယောက်ခန့်ဟာ အိမ်စီးကားသုံးစီးနဲ့ လာရောက်ပြီး ဝင်ရောက်ရှာဖွေခဲ့ပြီးတော့ လူငယ်အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီလူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က တရုတ်ဘုန်းကြီးကျောင်းဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဝင်ရောက်ရှာဖွေစဉ် ဆိုင်တွင်းပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့လည်း နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဖမ်းခံရတဲ့ လူငယ်အမျိုးသားနှစ်ဦးဟာ အသက် ၂၂ နှစ်နဲ့ အသက် ၁၇ နှစ် အရွယ်တွေဖြစ်ပြီး ဆိုင်ထဲက ကွန်ပျူတာနှစ်လုံး၊ဖုန်းနှစ်လုံး၊ ပိုက်ဆံနဲ့ တခြားပစ္စည်းတွေလည်း ယူသွားတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသအတွင်း စစ်ကောင်စီက မကြာခဏ နေအိမ်တွေ ဆိုင်တွေမှာ ဝင်ရောက်စစ်ဆေးလေ့ရှိပြီး လူဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here