ဖားကန့်မြို့က ပျဉ်ဆိုင်တစ်ဆိုင်တွင် အမည်မသိ အမျိုးသားသုံးဦးမှ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်

363

နိုဝင်ဘာ၊၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု ဆိုင်းအောင်ကျေးရွာက ပျဉ်ဆိုင်တစ်ဆိုင်မှာ အမည်မသိလူငယ် သုံးဦးက ခြိမ်းခြောက်ငွေတောင်းခံတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဆိုင်းအောင်ကျေးရွာက ပျဉ်ဆိုင်တစ်ဆိုင်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က အမည်မသိ လူငယ်သုံးဦးကနေ သူတို့ချိန်းတဲ့ နေရာမှာ ပိုက်ဆံလာပေးဖို့ ခြမ်းခြောက်ပြောဆိုသွားတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရှရော်ခကျေးရွာဘောလုံးကွင်း အလယ်မှာ ပိုက်ဆံ ၃၅ သိန်းလာချထားပြီး လူငယ်သုံးယောက်က ယူသွားပြီးတော့ အဲဒီလူငယ်တွေဟာ ပျူစောထီးတွေ ဖြစ်တယ်လို့ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ဖားကန့်မြို့နယ်အတွင်းက ငွေလိမ်လည်တဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF တွေကနေ ပူပေါင်းပြီး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတဲ့အတွက် ဖားကန့်မြို့နယ်မှာ အရင်ကထက် ဓားပြတိုက်၊ငွေလိမ်လည်တောင်းတာတွေကို လျော့နည်းလာတယ်လို့ ဖားကန့်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦး က ပြောပါတယ်။

“အခုတလောက ဓားပြတွေ ဖမ်းလိုက်တယ်ဆိုတော့ ဖားကန့်မှာက နည်းနည်း ငြိမ်နေတယ်ပေါ့။”လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ဖားကန့်မြို့က မှော်စီစာကျေးရွာနဲ့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ KIA၊KPDFတို့ ပူးပေါင်းပြီး ခြိမ်းခြောက်ငွေလိမ် ဓားပြတိုက်တဲ့ အဖွဲ့တွေကို ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာလည်း KIA တပ်ဖွဲ့ရဲ့ မြို့နယ်ရန်ပုံငွေရှာဖွေရေးအဖွဲ့ကဆိုပြီး စာတွေဖြန့် ၊ငွေကြေးတောင်းခိုင်းတဲ့ အမျိုးသားတစ်ဦးကိုလည်း KIAတပ်ရင်း ၆ က ဖမ်းဆီးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here