နောင်ချိုရှိ အကျဉ်းစခန်း ၄ ခုကို တစ်ရက်အတွင်း TNLA နှင့် MDY PDF သိမ်းပိုက်၊ လက်နက်ရာနှင့်ချီသိမ်းမိ

301

 

နိုဝင်ဘာ၊ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးစခန်း ၄ ခုကို TNLA နဲ့ MDY-PDF တို့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အကျဉ်းစခန်းတွေကတော့ နောင်ချိုမြို့နယ်ထဲက လွင်ကြီး၊ ကျုအင်း၊ ခိုဟိုနဲ့ ကုန်းစံ အကျဉ်းဦးစီးစခန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကနေလည်း သေနတ် စုစုပေါင်း ၁၀၄ လက်၊ ၅.၅၆ ကျည်ဆံ ရှစ်သောင်းကျော်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းဦးစီးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ချိန် အကျဉ်းသားတွေရှိမရှိနဲ့ သူတို့ကိုဘယ်လို စီမံဆောင်ရွက်နေလဲဆိုတာကိုတော့ မထုတ်ပြန်ထားပါဘူး။

အောက်တိုဘာ ၂၇ ရက်နေ့က စခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၅ မြို့အထိ သိမ်းပိုက်ထားနိုင်သလို မြို့တချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားကြပါတယ်။

စစ်ကောင်စီဟာလည်း ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ စခန်းပေါင်း ၁၅၀ ကျော်ထိ ဆုံးရှုံးထားသလို သူတို့ရဲ့ သံချပ်ကာကား (၁၀) စီး နဲ့ အမြောက်ကြီးတွေကိုလည်း ဆုံးရှုံးထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here